Window XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။ XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်နည်းလေးပါ။ အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။ Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။ ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု
Shutdown မြန်အောင်လုပ်နည်းကတော့.....
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop အထိရောက်အောင်သွားရမှာပါ...။
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။
နောက်တစ်ဆင့်အနေနဲ့
၁။ Start \ Run တွင် regedit ဟုရိုက်၍ Ok ပေးရပါမည်။
၂။ HKEY_CURRENT_USER \ Control Panel \ Desktop အတိုင်းသွား၍ Desktop ကို Select လုပ၍ ညာဘက် Panel အတွင်းမှ MenuShowDelay ကို Right Click နှိပ်၍ Modify ကိုရွေးချယ်ပေးရပါမည်။
၃။ Value Data တွင် ၀ (သုည) ကိုပြောင်းလဲပေး၍ Ok ပေးရပါမည်။
အထက်ပါအဆင့်များပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။ Window တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။
ကဲ...စမ်းကြည့်လိုက်အုံးနော်.....။
0 comments:
Post a Comment