Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

ဒီဇိုင်းပညာရပ်များကို ပြန်လည်မျှဝေနိုင်မည့် မြန်မာဒီဇိုင်နာဝေါလ်အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင်.....။

ဒီဇိုင်း ပညာရပ် များကို ပြန်လည် မျှဝေ နိုင်မည့် မြန်မာ ဒီဇိုင်နာဝေါလ် အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို လွှင့်တင် ခဲ့သည့် Media Lane ဝက်ဘ်ဆိုက် ဒီဇိုင်းများ ရေးဆွဲလျက် ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ခဲ့သည်။ အဆိုပါ ဝက်ဆိုက် လွှင့်တင်ခြင်းနှင့် ပတ်သက်ပြီး အထက်ပါ တာဝန် ရှိသူက ပြည်တွင်းတွင် ဒီဇိုင်းနှင့် ပတ်သက်သော ဒီဇိုင်း အခြေခံ Website မှာ လက်ညှိုး ထိုးလို့ ရနိုင်အောင်ပင် ရှားပါး နေပါတယ်။ ဒါကြောင့် ပြည်တွင်းက ပညာရှင် တွေပဲ ဖြစ်ဖြစ်၊ ဒီဇိုင်းကို စိတ်ဝင်စား နေတဲ့သူပဲ ဖြစ်ဖြစ် ဝင်ရောက် အသုံးပြု စေချင် တာကြောင့် အခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်။ အထက်ပါ ဝက်ဘ်ဆိုက်တွင် Design Tutorials များကို အဓိက အသားပေး ဖော်ပြနေတာ ဖြစ်ပြီး Graphic Design နှင့် ပတ်သက်သော ဒီဇိုင်းများ သာမက Web Design စိတ်ပါဝင်စား သူများ အတွက်လည်း Web Design Tutorials များကို ဖော်ပြ ပေးထားကြောင်း သိရသည်။ ထို့အပြင် Myanmar Designer Wall အတွင်း Design နှင့် ပတ်သက်သော အသိပညာ များကို အပြန် အလှန် Share လုပ်ပေး သွားနိုင်ပြီး အသုံးပြု ဝင်ရောက် ကြည့်ရှု သူများ အနေနဲ့လည်း မိမိ၏ ဒီဇိုင်းများ၊ ဒီဇိုင်းအမြင် များကို လွတ်လပ်စွာ မျှဝေသွား နိုင်ကြောင်းလည်း အထက်ပါ တာဝန် ရှိသူမှ ရှင်းပြ ခဲ့ပါသည်။ တည်ထောင် ချိန်မှာ မကြာမြင့်သေး တဲ့အတွက် လိုအပ်သော အကြံဥာဏ် များကိုလည်း ပေးသွား နိုင်ကြောင်းနှင့် လက်ရှိ Designer လောကတွင် အသုံးဝင် နိုင်သော ဒီဇိုင်း Tutorials များကို အလေးထား ဖော်ပြပေး နေကြောင်း၊ Web Designer ဘက်ကိုလည်း အလျဉ်း သင့်သည့် အခါတိုင်း ဖော်ပြပေး ကြောင်းလည်း သိရှိ ရသည်။ ဝင်ရောက် လေ့လာ လိုပါက www.myanmardesignerwall.com တွင် ဝင်ရောက် လေ့လာ နိုင်ကြောင်း သတင်း ရရှိပါသည်။

Web Design နှင့် Graphic Design တို့၏ ကွာခြားချက်များ.....။

ဒီဇိုင်းနဲ့ပတ်သက်လာရင် ရောထွေးလွန်းတတ်တဲ့ Web Design နဲ့ Graphic Design အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အလွယ်ဆုံးနားလည်ထားကြတာကတော့ Graphic Design ဆိုတာ Printing ပိုင်းက ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ သတင်းစာ၊မဂဇင်း Layout ဒီဇိုင်းတွေ၊ လိပ်စာကဒ်၊ လိုဂိုတွေ၊ Package တွေကို ဒီဇိုင်းလုပ်ပေးတဲ့အပိုင်းလို့ အလွယ်တကူနားလည်ထားကြပါတယ်။ Web Design ဆိုတာကတော့ Web Site တွေကို တည်ဆောက်တဲ့နေရာမှာ Site တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတွေကိုဖြစ်စေ ဒီဇိုင်းလုပ်ပေးရတဲ့ အပိုင်းပေါ့။

တကယ်တော့ ဒီဇိုင်းပညာရပ်နှစ်ခုစလုံးဟာ ကျယ်ပြန့်နက်နဲလှသလို စိတ်ကူးစိတ်သန်း၊ တင်ပြမှု၊ အသွေးအရောင်၊ အသွင်အပြင် အဖက်ဖက်ကလည်း အရေးကြီးလှပါတယ်။ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးလုပ်ကိုင်ရတာခြင်းအတူတူ၊ ဒီဇိုင်းအခြေခံသဘောတရား တူသယောင်ယောင်ရှိပေမယ့် အနည်းငယ်ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။ တချို့သော ဒီဇိုင်းနာတွေက Graphic Design အပြင် Web Design ကို တွဲလုပ်ကြသလို တချို့ Web Designer တွေကလည်း Graphic Design ကိုပါ တွဲဖက်လုပ်ကိုင်လေ့ရှိကြပါတယ်။ များသောအားဖြင့်ကတော့ Web Design သီးသန့်၊ ဂရပ်ဖစ်ဒီဇိုင်း သီးသန့်ကိုပဲ လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ နှစ်ခုတွဲလုပ်ကိုင်ကြတဲ့သူတွေကတော့ နှစ်မျိုးစလုံးရဲ့ ကွဲပြား ခြားနား ချက်ကို သိထားကြရပါတယ်။ သိထားမှလည်းဖြစ်ပါမယ်။
ကျနော့်အနေနဲ့ကတော့ ဒီဇိုင်းနာသမားတွေ သိထားသင့်တယ်လို့ ယူဆတဲ့အတွက် Web Design နဲ့ Graphic Design တို့၏ ကွာခြားချက်များကို  ကျနော့်အတွေ့အကြုံ၊ ကျနော့်အတွေးအမြင် ပုံစံလေးအနေနဲ့ တင်ပြလိုက်ရပါတယ်။

G-talk မှာ အကောင့်တစ်ခုကို စကားမပြောချင်ရင်.....။

သူငယ်ချင်းတို့ရေ ဒီတစ်ခါတော့ G-talk မှာ စကားမပြောချင်တဲ့ သူကို ဒီလိုလုပ်ကြမယ်ဗျာ...။ block တို့ remove တို့ လုပ်မှာ မဟုတ်ပါဘူး ။ သူ့ကို ဒီလိုလုပ်ထားမှန်း သူလဲ မသိနိုင်ပါဘူး...။ ဘာလို့လဲဆိုတော့ တစ်ခြားဘက်မှာ ကိုယ်က offline အနေနဲ့ ရှိနေလို့ပါပဲ...။ အဲဒါကြောင့် တစ်ခြားတစ်ဘက်က သူလဲ မသိနိုင်ပါဘူးဗျာ.....စိတ်ဝင်စားသွားတယ်ဆိုရင်တော့

ပထမဦးဆုံးအနေနဲ့ သင့်ရဲ့ G-mail အကောင့်ကို ဖွင့်လိုက်ပါ...။ ပြီးရင် Mail box ရဲ့ ဘယ်ဘက် မှာ Contants ဆိုတာကို နှိပ်လိုက်ပါ...။ အဲဒီ့မှာ သင်စကားမပြောချင်တဲ့ လူကို အမှတ်ခြစ်လိုက်ပါ... ပြီးရင်
More actions ကိုသွားပါ...။ အဲ့ဒီ့မှာ Delete Contacts ကို ရွေးပါ။

အထက်ပါအတိုင်းလုပ်ဆောင်ပြီးရင် သင်ရွေးချယ်ခဲ့တဲ့ မေးလ် နာမည်တွေက သင့်ထဲမှာ မရှိတော့ပါဘူး...။
ဒါပေမယ့် သူ့ထဲမှာတော့ သင်ဟာ offline အနေနဲ့ ရှိနေမှာပါ...။ ကဲသူငယ်ချင်းတို့ ရေ အဆင်ပြေကြပါစေဗျာ....

Internet Explorer 9 ကို update လုပ်လိုက်လို့..........။

မင်္ဂလာပါ သူငယ်ချင်းများရေ ပိုစ့်မတင်တာလည်း တော်တော် ကြာသွားပြီဗျာ...။ ဒီတစ်ခါတော့ သူငယ်ချင်း တစ်ယောက်က လှမ်းမေးလို့ ပြောပြလိုက်ရင်းနဲ့ ပိုစ့်တင်ဖြစ်သွားတာပါ။ ဖြစ်ပုံက ဒီလိုဗျ......သူက အရင် IE ကို update လုပ်လိုက်တယ်တဲ့။ ပြီးတော့ gtalk မှာ လေးထောင့် တုံးလေးတွေပဲပေါ်နေတယ်တဲ့ လုပ်ပါအုံးဆိုလို့ပါ...။  အဲဒါကြောင့် သူငယ်ချင်းတို့လည်း အဲ့လိုမျိုး ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင် ဒီလိုလုပ်လိုက်ပါ ....

www.facebook.com/username အကြောင်း...။

သူငယ်ချင်းတို့ ရေ
အခုလို ဖွံဖြိုးတိုးတတ်နေတဲ့ ခေတ်အချိန်အခါမှာ လူတစ်ယောက်က e-mail တစ်ခုတော့ရှိထားသင့်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ gmail တွေ စပြီး အသုံးပြုတဲ့ သူချိန်ကဆို မသိသာပေမယ့် အခု အချိန်မှာ ကို့နာမည်
နဲ့ တောင် gmail က ဖွင့်ဖို့ မလွယ်ကူတော့ဘူးလေ...ဘာလို့လဲဆိုတော့သုံးတဲ့သူတွေကများလာပြီလေဗျာ..
နာမည်တူ နေလို့ နာမည်နောက်က နံပါတ်တွေပါတာနဲ့ သူတို့ပေးတာ ရွေးရတာနဲ့ ဆိုတော့ ကို့နာမည်နဲ့ အတိအကျ မရနိုင်တော့ဘူးလေ...။ ကို့ထက် အရင်ဦးနေတဲ့သူတွေ ရှိနေတာကိုဗျ...။ အဲ့ဒါကြောင့် အခုလည်း   ရေပန်းစားနေတဲ့ facebook (social network) မှာ သင့်နာမည်လေး တစ်ခု သူများတွေထက် အရင် ဦးအောင် ယူထားလိုက်အုံးဗျ...။
ဥပမာ ။   ။ http://www.facebook.com/mr.nainglynnhtun
              www.facebook.com/ သင့်နာမည်
အောက်မှာပေးထားတဲ Link ကို နှိပ်ပြီး သွားကြည့်လိုက်ပါ...ကျွန်တော်တောင် နာမည်တွေတူနေလို့ အဆင်ပြောတာတစ်ခုပဲလုပ်လိုက်ရတယ်...ကဲ သူငယ်ချင်းတို့ ရေ ဒီတစ်ခါတော့ သူများတွေထက် ဦးအောင် အရင် လုပ်ထားလိုက်အုံးနော် ... အသုံးပြုပုံက လွယ်လွန်းလို့ မရှင်းပြတော့ပါဘူးဗျာ...link ကို သွားကြည့်လိုက်ပါ။
go to link : http://www.facebook.com/username/
အားလုံးပဲ အဆင်ပြေပါစေဗျာ....

ဝက်ဆိုဒ် အကြောင်း နှင့် အခြားသိကောင်းစရာများ...

Internet ဆိုတာ ဘာလဲ ?
Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်...။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်...။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက်အသုံးပြုနိုင်မြှာ ဖစ်ပါတယ်...။

အခြေခံ Internet အသုံးပြုပုံ .....

Internet အကြောင်းကို မပြောခင်မှာ အရင်ဆုံး Internet Services တွေကိုအရင်ပြောပြပါ့မယ်.....။

(1) www(world wide web)
(2) E-Mail (Electronic mail)
(3) IRC (Internet Relay Chat)
(4) FTP (File Transfer Protocol)
(5) Telnet (Telecommunication Network )

TuneUp အကြောင်း သိကောင်းစရာများ.....။

ကျွန်တော် ဒီအကြောင်းအရာကလေးကို ဘလော့တစ်ခုမှာရေးသားဖော်ပြထားတာ တွေ့လို့ သူ့ post ကိုမှီငြမ်းပြီး တစ်ဆင့် လက်ဆင့် ကမ်းလိုက်ခြင်းဖြစ်ပါတယ်...။ Version ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်...။ ဒါပေမယ့်....လိုရင်းကတော့ အတူတူပါပဲ.....software ​တော့မတင်ပေးတော့ပါဘူးဗျာ.....။ softwareတင်ပေးတဲ့ ဆိုဒ်တွေလည်း အများကြီးပဲလေ....တကယ်လို့
လိုအပ်တယ်ဆိုရင် comments ပေးထားခဲ့ပါ...

ကဲဗျာ...စလိုက်ရအောင်...
Tuneup ကတော့ Window operation system ကို ပိုမိုမြန်ဆန် ၊ ကောင်းမွန်၊သွက်လက်လာအောင် mouse click လုပ်ပေး လိုက်ယုံနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ utilities ပါ...။ ဒီလိုဆွေးနွေးပြောကြားရာမှာ ပိုမိုလွယ်ကူသွားအောင် Category (၆) ပိုင်း၊ module လေးတွေ ခွဲပြီး ဆွေနွေးသွားပါမယ်..

ကိုယ့် G mail ကို တခြားသူဝင်သုံးနေသလား....?

G mail အသုံးပြုသူ သူငယ်ချင်းတို့အတွက်သတင်းကောင်း..........................................
G mail account ကို သူများဝင်သုံးနေသလားဆိုပြီး သံသယရှိနေရင် ဒီလို စစ်ဆေးနိုင်ပါတယ်....
ပထမဆုံးအနေနဲ့ သင့်ရဲ့Gmail ကို sign in လုပ်လိုက်ပါ...။ ပြီးရင် အဲ့ဒီ့ Gmailစာမျက်နှာရဲ့ အောက်ဆုံးက သုံးကြောင်းမြောက်မှာ အခုလို This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 32 minutes ago. ဆိုပြီး တွေ့ရပါလိမ့်မယ်... ဒီ့ထက်ပိုပြီး သိချင်ရင် အဲ့ဒီ့စာကြောင်းဘေးနားမှာ Detail ဆိုတဲ့ လင့်ကလေးနှိပ်ပြီးကြည့်နိုင်ပါတယ်.....။
IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ သုံးနေသလား။ ဘယ်နေရာကလဲ စသဖြင့် သိရှိနိုင်ပါတယ်။တကယ်လို့တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝင်ထားတုန်း တခြားတစ်ယောက်ကလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information ဆိုတဲ့နေရာမှာ IP Address များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး အဲ့ဒါတွေကိုပါ Logout လုပ်ချင်ပါက
အောက်ဖက်နားရှိ Sign Out all other sessions ကိုနှိပ်ပါက ရှိသမျှ တစ်ပြိုင်နက်သုံးနေသော သူများကို Logout လုပ်နိုင်ပါတယ်။ တကယ်လို့ သင့် mail မှာ အထက်ပါအတိုင်း ကြုံတွေ့လာခဲ့ရင်တော့ သင့်ရဲ့ Password ကို အမြန်ဆုံးပြောင်းလိုက်ပါ...။ကာကွယ်ရာလည်းရောက်ပါတယ်.... အားလုံးအဆင်ပြေပါစေ...

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Database Mirroring with SQL server 2005” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးဇော်မိုးသန့် (ACE Data Systems) မှ ဒီဇင်ဘာလ (၁၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Database Mirroring with SQL server 2005 ” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ ယနေ့ Business Applications များတွင် တွင်ကျယ် စွာအသုံးပြုနေကြသော SQL Server 2005 အားအသုံးပြု၍ High Availability Solution တစ်ခုဖြစ်သော Database Mirroring အားစမ်းသပ်မည်ဖြစ်ပါသည်။ Database Applications များရေးသားခြင်းကို လေ့လာနေသူများ၊ Database Administrator များအနေဖြင့် လက်တွေ့စမ်းသပ်သင့်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Source : MCPA

G-talk များများဖွင့်ပြီး ချက်မယ် ဆိုရင်

Desktop ပေါ်က G-Talk icon ကို R-click---> Properties Target(location of file)ဆိုတဲ့နေရာမှာအခုလိုတွေ့ရမှာပါ။ "C:\Program Files\Google\Google Talk\googletalk.exe" /startmenu အဲ့ဒီ့ရဲ့နောက်ဆုံး startmenu နေရာမှာ /nomutex လို့ ပြောင်းရိုက်လိုက်ပါ။ ပြီးရင် Apple ---> OK ပေါ့။ တကယ်လို့ Desktop ပေါ်မှာ icon မရှိဘူးဆိုရင် start--->programs ကနေပြီး R-Click---> Properties.ကနေလဲ ရပါတယ်ဗျာ။ ကဲ...စမ်းကြည့်လိုက်ပါအုံးဗျာ

မိမိသုံးနေတဲ့ အင်တာနက် ကို အနည်းငယ် မြန်အောင်လုပ်ခြင်း

အရင်ဆုံး Run box မှာ gpedit.msc ကိုရိုက်လိုက်ပါ။ နောက် ok ကို click လိုက်ပါ။ အဲ့ဒီနောက် ပေါ်လာတဲ့ box ရဲ့ ဘယ်ဘက်မှာ Computer Configuration ကို Expand လုပ်ရပါ့မယ်။ နောက်ထပ်လည်း Administrative Templates ကို Expand လုပ်ပေးရပါ့မယ်။ နောက်တစ်ဆင့်အနေနဲ့ Network ကို Expand လုပ်ပြီးရင် Qos Packet Scheduler ကို ရွေးပေးပါ။ အဲ့ဒီ့နောက်တော့ box ရဲ့ ညာဘက်ခြမ်းမှာ Limit Reservable Bandwidth ဆိုတဲ့ စာကြောင်းကို D-Click နှိပ်ပါ။ Limit Reservable Bandwidth Properties box မှာတော့ Enable option ကိုရွေးပါ။ Bandwidth Limit [%] box မှာတော့ 0% နေရာမှာ 20 % ပြောင်းပြီး ok နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် အရင်ထက် ပိုမြန်လာတာတွေ့ရပါလိမ့်မယ်..။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ