Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

ကွန်ပျူတာ System Speed ကိုမြန်ဆန်စေရန်...။

System Speed ကိုမြန်ဆန်စေရန်အတွက် လုပ်ဆောင်နိုင်သည့်အချက်များ (သို့မဟုတ်) ကွန်ပြုတာသုံးသည့်သူများ လိုက်နာလုပ်ဆောင်သင့်သည့် အချက်များ...

၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။

Antivius software များ...။

ဒီတစ်ခါတော့ Antivius software လိပ်စာများကို တင်ပြလိုက်ပါတယ်...။ Official Site များဖြစ်တဲ့အတွက်
လိုအပ်သလို အသုံးချနိုင်ပါတယ်...။

1. The ESET Online Scanner

A user-friendly, powerful tool, our online antivirus utility can remove malware—viruses, spyware, adware,worms, trojans, and more—from any PC utilizing only a web browser. No installation required. The scanner uses the same ThreatSense® technology and signatures as ESET NOD32 Antivirus, which means it is always up-to-date.
The ESET Online Scanner : http://www.eset.com/onlinescan/

ဖြစ်တတ်သော Window audio problem...။

တစ်ခါတစ်လေ ကွန်ပြူတာမှာ အသံမထွက်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အသံတွေလည်း မပိတ်ထားဘူး...။ စပီကာလည်း ကောင်းနေတယ်ပေါ့...ဘာလို့လဲ...အဲဒီလိုမျိုး ဖြစ်လာပြီဆိုရင် အကြာကြီးစဉ်းစားမနေနဲ့ဗျ...ဒီလိုလုပ်လိုက်ပါ...။

>>Start>>Runservices.msc>>OK
>>Windows Audio>>Right click>>Properties>>Startup Type ကို Automatic ရွေးပေးရပါမယ်...။ပြီးရင် “Service Status” မှာ “Started” ကို Click ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါပြီဗျာ...ကဲ mp3 လေး တစ်ပုဒ်လောက် ဖွင့်ကြည့်ရအောင်ဗျာ....။

Task Manager ကို .Bat File ဖြင့်ဖွင့်၍ အသုံးပြုနည်း...။

ကွန်ပျူတာတစ်လုံးကိုအသုံးပြုရာ၌ ထိုကွန်ပျူတာအတွင်း Install ပြုလုပ်ထားသည့် Software များ၊ Application များကိုသိရှိနိုင်ရန်အတွက် Task Manager ကိုဖွင့်၍ ကြည့်ရှုနိုင်ပါသည်။ Keyboard မှ Ctrl+Alt+del ကိုနှိပ်၍ ဖြစ်စေ၊ Taskbar ပေါ်တွင် Right Click ထောက်၍ Task Manager မှတစ်ဆင့်ဝင်၍ဖြစ်စေကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကွန်ပျူတာများတွင် Task Manager ကိုကြည့်ရှုမရနိုင်စေရန် ပိတ်ထားတတ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ဆိုင်များတွင် အင်တာနက်အသုံးပြုရသည့်အခါတွင်ဖြစ်စေ၊ မိမိကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို အသုံးပြုရသည့်အခါတွင်ဖြစ်စေ မိမိ၏ personal Data များကိုခိုးယူခြင်းမခံရစေရန် သတိပြုရန်လိုအပ်ပါသည်။ အကယ်၍ မိမိအသုံး ပြုနေသော ကွန်ပျူတာတွင် Keylogger ကဲ့သို့သော Software မျိုးကို Install ပြုလုပ်ထားပါ က Keyboard မှ ရိုက်လိုက်သည့် စာလုံးများကို မှတ်သားထားခြင်း၊ ကွန်ပျူတာတွင် အသုံးပြုမှုမှန်သမျှကို သိမ်းဆည်းထားခြင်းတို့ပြုလုပ်မည်ဖြစ်ပြီး အရေးကြီးသည့် Personal Data များကို ခိုးယူခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို စတင်အသုံးပြုသည်နှင့် Task Manager ကိုဖွင့်၍ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ဂရုတစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။ အကယ်၍ Task Manager ကို ပိတ်ထားပါက အောက်ဖော်ပြပါအတိုင်း ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်-

RECYCLER Virus ရှင်းလင်းနည်း...(၂)။

မိမိမှာ ကွန်ပြုတာမှာ Recycler Virus ၀င်ပြီဆိုရင် စက်ကလေးနေမယ်...။ Folder တွေ Hidden ဖြစ်နေမယ်.. ဒါက virusရဲ့ သဘာဝပါ...အဲဒီဗိုင်းရပ်စ်ကို သက်ဖို့ အတွက်

ပထမအဆင့်အနေနဲ့
Folder Option ထဲက View မှာ အောက်မှာဖော်ပြထားတဲ့ Item တွေကို Uncheck ပေးထားလိုက်ပါ...။

>>display the contents of system folders

>>hide extensions for known file types

>>hide protected operating system files (Recommended)

ပြီးရင် Apply > Ok

မလိုအပ်တဲ့ program တွေကို Disable ပေးထားမယ်...။

နည်းလမ်း ---(၁) 
ကျွန်တော်တို့ ကွန်ပျုတာပေါ်မှာ အင်စတောလုပ်ထားတဲ့ program တွေထဲမှာ ၀င်းဒိုးတက်တာနဲ့ စလုပ်လုပ်တဲ့ (PC start up)program တွေရှိပါတယ်… တကယ်လို့ အဲဒီထဲမှာ မလိုအပ်တဲ့ program တွေပါနေရင်…. Registry ကနေ Disable ပေးလို့ရပါတယ်….. 

1>Start>>Run>> regedit
2>User key-[ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Run] နဲ့
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Runonce]
System key-[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run]

Windows Registry အပိုင်း (၆)

ကဲ Script တွေ ဆက်တိုင်လာမယ်…. ခဏက Run ကို ဖျောက်မလား မေးတယ်…… အခု ပြန်ဖော်မလားမေးမယ်ဗျာ………

@echo off
color 0a
:-main
echo.
echo.
set /p val= Do you want to hide Run Dialogbox(y/n)?
if /I "%val%"=="y" goto -Hide
if /I "%val%"=="n" goto -Quit
goto:-main


:-Show
echo.
echo.
reg delete hkcu\software\microsoft\windows\currentversion\pol icies\explorer /v NoRun /f
echo.
echo.
pause
exit
:-Quit
exit

Windows Registry အပိုင်း (၅)

1/ @echo off
2/ color 0a
3/ :-main
4/ echo.
5/ echo.
6/ set/p val = Do you want to hide Run Dialogbox (y/n)?
7/ if/I"%val%"=="y" goto -Hide
8/ if/I"%val%"=="y" goto -Quit
9/ goto :-main

10/ :-Hide
11/ echo.
12/ echo.
13/ reg add hkcu\software\microsoft\windows\currentversion\pol icies\
explorer /v Norun /t reg_dword /d 1
14/ echo.
15/ echo.
16/ pause
17/ exit
18/ :-Quit
19/ exit
----
End
----

လိုင်းအမှတ်(၁) - "@echo off" Program အစမှာ မပါမဖြစ်
ပါရမယ့်စကားပါ။ဒီစကားလုံးမပါရင် Display Window မှာ ရှုပ်ထွေးမှု
တွေဖြစ်နေပါမယ်။ဒီစကားလုံးပါတဲ့ အတွက် ကိုယ်ပြောချင်တာကို
ရှင်းရှင်းလင်းလင်း မြင်ရတာပါ။

Windows Registry အပိုင်း (၄)

Windows Registry ကို Script များရေးပြီး ပြုပြင်ခြင်း

ဒီအခန်းမှာ ကျွန်တော်တို့ Windows Registry ကို Script ရေးပြီးပြုပြင်ကြရအောင်…..
Scriptရေးမယ်ဆိုပြီး အရမ်းလည်း လန့်မသွားပါနဲ့၊ နားလည်ပြီးသာ လူတွေကလည်းအရမ်းလွယ်တယ်လို့ မထင်မိပါနဲ့။ သဘောတရားနားလည်ရင် လွယ်ပါတယ်။ ကျွန်တော်တို့ Windowsရဲ့ Operation System မှာ ပါဝင်တဲ့ Command Propt (cmd)ကိုသုံးပြီးပြုပြင်သွားမှာဖြစ်ပါတယ်။Scriptရေးဖို့တော့ထုံးစံအတိုင်းNotePadကိုပဲအသုံးပြုကြတာပေါ့ဗျာ။

Script မရေးမှီ သိသင့်တာလေးတွေနဲ့ သတိပြုသင့်တာလေးတွေကို ပထမ စပြောပြချင်ပါတယ်။
Script ရေးမယ့်သူဟာ မိမိရေးလိုတဲ့ Registry Setting အချက်အလက်တွေကို ကောင်းကောင်းသိထားရပါမယ်။ အဓိက အနေနဲ့တော့ Registry Editor ထဲမှာ သွားတဲ့ လမ်းကြောင်းအဆင့် ဆင့်ကိုပေါ့။ နောက်တစ်ခုကတော့ လမ်းကြောင်းတစ်ခုရဲ့ အဆုံးမှာပါဝင်တဲ့ Subkey အောက်က Value Name, Data Type, Data တွေကိုလည်း သိနေရပါမယ်။
အစပိုင်းမှာ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် Script ကို ကောင်းကောင်းရေးနိုင်သွားရင်
Manual တောင် မပြင်ချင်တော့ပါဘူး။ Script နဲ့ပြင်ဆင်ခြင်းဟာ ပိုမို လွယ်ကူ၊ မြန်ဆန်ပါတယ်။

Windows Registry အပိုင်း (၃)

Desktop ပေါ်ရှိ Function များကိုပြုပြင်မယ်
Items [ Value Name ] [ Data Type ] [ Value ] [ Path ]
NoR-Click [ NoViewContextMenu ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
(Desktop ပေါ်မှာ R-Click နှိပ်လို့မရအောင်လုပ်ထားတာ) TooTip [ ShowInfoTip ] [ DWORD ] [ 1 ] [ 1>P\Advanced ]
(ကျွန်တော်တို့ ဖိုင်တစ်ခုကိုထောက်လိုက်ရင် အမျိုးအစား၊ ရက်စွဲနဲ့ ဆိုဒ်တွေကို ပြသတဲ့ခပ်မှိန်မှိန် ဘောက်ကလေးကို ဖျောက်ချင်ရင်) (သူက Default 1ဗျ၊ လမ်းဆုံးမှာလည်း နည်းနည်းကွာမယ်)

-ဒီတစ်ခုကတော့ Desktop ရဲ့ Wall Paper ကို လိုချင်တဲ့နေရာမှာထားတဲ့နည်းပါ၊
Display Properties ထဲမှာတော့ Positon မှာ Stretch, Center, Tile
သုံးမျိုးပဲရှိပေမယ့် ညာဖက်မှာ Icon တွေနဲ့ရှုပ်နေလို့ ချစ်သူပုံ ကို့ဘယ်ဖက်မှာသာ မြင်လိုသူများအတွက်ပါ။
For –X Wallpaperoriginx SZ from 0 to 1000 HKCU\Control Panel\Desktop
(value ကို 0 ကနေ 1000 အတွင်းကြိုက်သလောက် ပေးနိုင်ပါတယ်။)
For –Y Wallpaperoriginy SZ from 0 to 800 HKCU\Control Panel\Desktop
(value ကို 0 ကနေ 800 အတွင်းကြိုက်သလောက် ပေးနိုင်ပါတယ်။)
စမ်းသပ်ဖို့ခက်နေရင် အစမှာ (400 x 300) ထားပြီး စမ်းသပ်ကြည့်ပါ။ ညာဖက်အောက်မှာ ပေါ်နေပါလိမ့်မယ်။

Windows Registry အပိုင်း (၂)

Chapter (2) ပထမပိုင်း
Windows Registry ကို Manual ပြုပြင်ခြင်း
ဒီအခန်းကို မစတင်မှီမှာ ပထမဦးစွာ ပြုလုပ်ထားသင့်တာကတော့ Registry Backup လုပ်တာပါပဲ။ အထက်မှာဖော်ပြထားတဲ့နည်းနဲ့ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ် Registry ကို Backup လုပ်ဖြစ်အောင် လုပ်ထားလိုက်ပါ။ နောက်တစ်ခုက အတိုကောက်(short-cuts) တွေကို နားလည်အောင် မှတ်ထားသင့်ပါတယ်။

SUB KEY SHORT-CUTS
HKEY_CURRENT_USER [- HKCU]
HKEY_CLASSES_ROOT [- HKCR]
HKEY_CURRENT_CONFIG [- HKCC]
HKEY_USERS [- HKU]
HKEY_LOCAL_MACHINE [ - HKLM]

(Registry ကိုပြင်ဆင်တဲ့နေရာမှာ HKCU နဲ့ပြင်ရင် လက်ရှိအသုံးပြုနေသော User တစ်ယောက်သာလျှင် အကျိုးသက်ရောက်ပြီး HKLM နဲ့ပြင်ဆင်ခြင်းက User အားလုံးကို အကျိုးသက်ရောက်စေပါတယ်။)

Registry အကြောင်းသိကောင်းစရာ (၁)

Registry အကြောင်းသိကောင်းစရာ

Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို အားလုံးအသိပါ။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတာကိုလည်း ကြုံဖူးကြမှာပါ။

ရွှေတိဂုံစေတီတော်မြတ် ရောင်ခြည်တော် ကွန့်မြူး...။

၂ဝ၁၁ ခု၊ ဇန်နဝါရီ ၁ ရက်၊ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အကြားမှ ရောင်ခြည်တော် ကွန့်မြူးသည်ဆို သောကြောင့် ဘုရားဖူးများ အလုအယက် စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်၏ အဦးအစဖြစ်သော အဆိုပါနေ့ တွင် ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးအများအပြား လာရောက်ကုသိုလ်ယူခဲ့ကြသည်။ ယင်း ည ၇ နာရီ မိနစ် ၃ဝ ဝန်းကျင်ခန့်တွင် စေတီတော်ကြီး ၏ အရှေ့မြောက်ထောင့်တွင် ကုသိုလ်ပြုနေကြသော ဘုရားဖူးအချို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကြားတွင် အဖြူရောင်အလင်းတစ်ခု တ ဖျပ်ဖျပ်လင်းနေသည်ကို မြင်တွေ့ဖူးမြင်ကြရာမှ ဘုရားဖူးများ တိုးဝှေ့ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ ”ရောင်ခြည်တော် လွှတ်တယ်ဆိုလို့ ကျွန်မတို့ လည်း အပြေးအလွှား လာဖူးတာ။ စိန်ဖူးတော် အောက်အခြေမှာ အဖြူရောင် အလင်းတစ်ခု တစ်ချက်တစ်ချက် လက်ကနဲဖြစ်ဖြစ်နေတာတော့ တွေ့ပါ တယ်။ ရောင်ခြည်တော် ဟုတ်မဟုတ်တော့မသိပါဘူး” ဟု ရန်ကင်းမြို့နယ်မှ ဘုရားဖူးလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ”ဒီထောင့်မှာ လူတွေ အုံခဲနေတာနဲ့ ကျွန်တော်လည်း လာဖူးတာ။ အရင်က ဒီလို သေသေချာချာ စောင့်မကြည့်ဖူးတော့ ဒီအလင်းက ဟိုတုန်းကတည်းက ပွင့်နေတာလား၊ ခု မှလား မပြောနိုင်ဘူး။ ပြီးတော့ အပေါ်မှာ လှူထားကြတဲ့ ကျောက်မျက်ရတနာတွေလည်းရှိနေတော့ စိန်လိုရတနာမျိုးရဲ့ အလင်းလား။ ဟုတ်မဟုတ် ကို မဝေဖန်ရဲပါဘူး” ဟု ယင်းည၌ လာရောက် ပူဇော်နေသော ဝတ်အသင်းတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးကလည်း ဆိုသည်။ ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓ ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုလက်ရာများအပြင် ထူးခြားမှုများစွာဖြင့် ကမ္ဘာ့အံ့ဖွယ်နေရာ တစ်ခုအဖြစ် နိုင်ငံခြား သားခရီးသွားဧည့်သည်များ အမြဲမပြတ် လာရောက်လေ့လာကြကြောင်း သိရသည်။ အဆိုပါသတင်းကြောင့် ယင်း ည ၉ နာရီ ခန့်အထိ စေတီတော်ကြီး အရှေ့မြောက်ထောင့်တွင် ဘုရားဖူးအများအပြား စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

http://popularmyanmar.com

NTLDR is Missing

NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင် ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။ ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည်လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး NTLDR ပျောက်သွားပါက Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်တဲ့အချိန်မှာ-

NTLDR is missing
Press any key to Restart

အင်တာနက်စုစည်းမှု သီချင်းခွေအတွင်းမှ ဗိုင်းရပ်စ်အကြောင်း

ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့ အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင် ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက် လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။

အဲဒီ Batch file ကို အခွေထည့်လိုက်ရင် Autorun အောင်စေရန် Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ အခွေကို My Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့ ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။

The system administrator has set policies to prevent this installation

Windows XP အတွင်းသို့ Kasper's Anti-Virus Install ပြုလုပ်ခြင်း၊ Updates ပြုလုပ်ခြင်း နှင့် အခြားသော Program များကို install ပြုလုပ်ရန် ကြိုးစားစဉ် Windows က လက်မခံပဲ ခေါင်းစဉ်ပါစာသားအတိုင်း Error message box တစ်ခု တက်လာခြင်း ဖြစ်သည်။ အကယ်၍ Windows XP group policy ရဲ့ system တွင် ပိတ်ထားပါက ဖြစ်နိုင်ပါသည်။ ထို့ပြင် ကွန်ပျူတာအတွင်းရှိ viruses, spy wares များအား ရှင်းလင်းရန် ကြိုးစားစဉ် ယင်းကဲ့သို့ အယောင်ဆောင် alert များလည်း ပေးတတ်နိုင်လေသည်။ မိမိစက်တွင် ထိုကဲ့သို့ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ပါက အောက်ပါအတိုင်း ပြင်ဆင်နိုင်ပါသည်။

(1) Start Menu မှ Run ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(2) Run Box ထဲတွင် gpedit.msc ဟု ရိုက်ထည့်ပေးပါ။
(3) Group Policy dialog box ပေါ်လာပါမည်။ Group Policy ရဲ့ Local Computer Policy ရဲ့ အောက်ဖက် ရှိ Computer Configuration အတွင်းမှ Administrative Templates ကို ရွေးချယ်ပါ။
(4) ထို့နောက် ၎င်း Administrative Templates ရဲ့ အောက်ဖက်ရှိ Windows Components အတွင်းရှိ Windows Installer ပေါ်တွင် အဆင့်ဆင့် ရွေးချယ် click နှိပ်ပေးပါ။
(5) ထိုအခါ Group Policy ရဲ့ ညာဖက်ခြမ်းရှိ Setting အကွက်ထဲတွင် Disable Windows Installer ပေါ်တွင် Double Click နှိပ်ပေးပြီး Not Configured ကို select လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။ အဆင်ပြေပါစေဗျာ.....

source : kokyawmyintoo