Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

ရွှေတိဂုံစေတီတော်မြတ် ရောင်ခြည်တော် ကွန့်မြူး...။

၂ဝ၁၁ ခု၊ ဇန်နဝါရီ ၁ ရက်၊ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အကြားမှ ရောင်ခြည်တော် ကွန့်မြူးသည်ဆို သောကြောင့် ဘုရားဖူးများ အလုအယက် စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်၏ အဦးအစဖြစ်သော အဆိုပါနေ့ တွင် ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးအများအပြား လာရောက်ကုသိုလ်ယူခဲ့ကြသည်။ ယင်း ည ၇ နာရီ မိနစ် ၃ဝ ဝန်းကျင်ခန့်တွင် စေတီတော်ကြီး ၏ အရှေ့မြောက်ထောင့်တွင် ကုသိုလ်ပြုနေကြသော ဘုရားဖူးအချို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကြားတွင် အဖြူရောင်အလင်းတစ်ခု တ ဖျပ်ဖျပ်လင်းနေသည်ကို မြင်တွေ့ဖူးမြင်ကြရာမှ ဘုရားဖူးများ တိုးဝှေ့ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ ”ရောင်ခြည်တော် လွှတ်တယ်ဆိုလို့ ကျွန်မတို့ လည်း အပြေးအလွှား လာဖူးတာ။ စိန်ဖူးတော် အောက်အခြေမှာ အဖြူရောင် အလင်းတစ်ခု တစ်ချက်တစ်ချက် လက်ကနဲဖြစ်ဖြစ်နေတာတော့ တွေ့ပါ တယ်။ ရောင်ခြည်တော် ဟုတ်မဟုတ်တော့မသိပါဘူး” ဟု ရန်ကင်းမြို့နယ်မှ ဘုရားဖူးလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ”ဒီထောင့်မှာ လူတွေ အုံခဲနေတာနဲ့ ကျွန်တော်လည်း လာဖူးတာ။ အရင်က ဒီလို သေသေချာချာ စောင့်မကြည့်ဖူးတော့ ဒီအလင်းက ဟိုတုန်းကတည်းက ပွင့်နေတာလား၊ ခု မှလား မပြောနိုင်ဘူး။ ပြီးတော့ အပေါ်မှာ လှူထားကြတဲ့ ကျောက်မျက်ရတနာတွေလည်းရှိနေတော့ စိန်လိုရတနာမျိုးရဲ့ အလင်းလား။ ဟုတ်မဟုတ် ကို မဝေဖန်ရဲပါဘူး” ဟု ယင်းည၌ လာရောက် ပူဇော်နေသော ဝတ်အသင်းတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးကလည်း ဆိုသည်။ ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓ ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုလက်ရာများအပြင် ထူးခြားမှုများစွာဖြင့် ကမ္ဘာ့အံ့ဖွယ်နေရာ တစ်ခုအဖြစ် နိုင်ငံခြား သားခရီးသွားဧည့်သည်များ အမြဲမပြတ် လာရောက်လေ့လာကြကြောင်း သိရသည်။ အဆိုပါသတင်းကြောင့် ယင်း ည ၉ နာရီ ခန့်အထိ စေတီတော်ကြီး အရှေ့မြောက်ထောင့်တွင် ဘုရားဖူးအများအပြား စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

http://popularmyanmar.com

0 comments:

Post a Comment