Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

USB Drive ကို စိတ်ချရအောင် ဒီလိုလုပ်

သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင်.....

အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။
ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။

ဒီပရိုဂရမ်လေးကို သုံးဖို့
ဒီမှာ ကို downloadဆွဲလိုက်ပါ
download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။
install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။
USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။

Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။
ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။
ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။
ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။
ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။
တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။ post by SBSangpi

G-talk များများဖွင့်ပြီး ချက်မယ် ဆိုရင်

Desktop ပေါ်က G-Talk icon ကို R-click---> Properties Target(location of file)ဆိုတဲ့နေရာမှာအခုလိုတွေ့ရမှာပါ။ "C:\Program Files\Google\Google Talk\googletalk.exe" /startmenu အဲ့ဒီ့ရဲ့နောက်ဆုံး startmenu နေရာမှာ /nomutex လို့ ပြောင်းရိုက်လိုက်ပါ။ ပြီးရင် Apple ---> OK ပေါ့။ တကယ်လို့ Desktop ပေါ်မှာ icon မရှိဘူးဆိုရင် start--->programs ကနေပြီး R-Click---> Properties.ကနေလဲ ရပါတယ်ဗျာ။ ကဲ...စမ်းကြည့်လိုက်ပါအုံးဗျာ

သင့်ရဲ့ computer မှာ Hidden လုပ်ထားတဲ့ ဖိုင်များ ပြန်ဖော်ခြင်း

သင့်ရဲ့ computer မှာ Hidden လုပ်ထားတဲ့ ဖိုင်များ ပြန်ဖော်ခြင်း
(၁) RUN BOX ---> CMD ကိုခေါ်ပါ။

(၂) HIDDEN ဖိုင်လမ်းကြောင်းဆီသို့ရောက်အောင်သွားပါ။

(၃) dir/ah ဟုရိုက်လိုက်ပါ။ ချယ်ရီမြို့တော်မှ

မိမိ computer တွင် USB အသုံးပြုခွင့် ပြုမှာလား

မိမိ computer မှာ USB အသုံးပြုခွင် ပိတ်ထားချင်ရင်တော့
(၁) RUN ---> REGEDIT
(၂) HKEY_LOCAL_MACHINE ---> SYSTEM --->CURRENT CONTROL SET>>>CONTROL ကိုရောက်အောင်သွားပါ။
(၃) RIGHT CLICK ---> NEW ---> KEY ပြုလုပ်ပါ။
(၄) KEY NAME ကို StorageDevicePolicies ဟုပေးပါ။
(၅) USB အသုံးပြုခွင့်ပိတ်လိုလျှင် KEY VALUE ကို 1 ဟုရိုက်ပါ။ တကယ်လို့ အသုံးပြုခွင့်ပေးလိုလျှင် 0 ဟုရိုက်ပါ။ Source - ချယ်ရီမြို့တော် မှ

Windows XP မှာ Start နဲ့ Shutdown မြန်အောင်လုပ်ခြင်း။

ပထမဆုံးအနေနဲ့ Start ကို အရင်စလုပ်ရအောင်ဗျာ။
ကဲ... Run Box မှာ regedit ---> OK ။ Register Editor Box ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီ့မှာ
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတဲ့ အဆင့်ကိုရောက်ရင် ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုရှာလိုက်ပါ R-click -> Modify -> Value data မှာ 3 လို့တွေ့တဲ့နေရာမှာ 5 လို့ပြောင်းပေးလိုက်ရင် ok ပါပြီ။
နောက်တစ်ခုအနေနဲ့ Shutdown မြန်အောင်လုပ်နည်းလေးဗျာ။
ကဲ... Run Box မှာ regedit ---> OK ။
HKEY_CURRENT_USER>> Control Panel >> Desktop ဆိုတဲ့ အဆင့်ကိုရောက်ရင် သူ့ဘေးက Box မှာ AutoEndTask ဆိုတဲ့ ပေါ်မှာ R-Click ->Modify->Value Data မှာ 0 နေရာမှာ 1 လို့ပြောင်းလိုက်ပါ။ နောက်ပြီး အဲ့ဒီ့အောက်မှာပဲ HungAppTimeout နဲ့ WaitToKillAppTimeout ဆက်ရှာလိုက်ပါ။ အဲ့ဒီ့မှာလဲ modify မှာ 5000 နေရာမှာ 2500 မှ 1000 အထိစမ်းပြီးသုံးနိုင်ပါတယ်။ အရမ်းမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ဗျာ။
ပြီးရင်တော့ restart ချလိုက်ပါဗျာ...။ကဲ...စမ်းကြည့်ရအောင်ဗျာ။

မိမိသုံးနေတဲ့ အင်တာနက် ကို အနည်းငယ် မြန်အောင်လုပ်ခြင်း

အရင်ဆုံး Run box မှာ gpedit.msc ကိုရိုက်လိုက်ပါ။ နောက် ok ကို click လိုက်ပါ။ အဲ့ဒီနောက် ပေါ်လာတဲ့ box ရဲ့ ဘယ်ဘက်မှာ Computer Configuration ကို Expand လုပ်ရပါ့မယ်။ နောက်ထပ်လည်း Administrative Templates ကို Expand လုပ်ပေးရပါ့မယ်။ နောက်တစ်ဆင့်အနေနဲ့ Network ကို Expand လုပ်ပြီးရင် Qos Packet Scheduler ကို ရွေးပေးပါ။ အဲ့ဒီ့နောက်တော့ box ရဲ့ ညာဘက်ခြမ်းမှာ Limit Reservable Bandwidth ဆိုတဲ့ စာကြောင်းကို D-Click နှိပ်ပါ။ Limit Reservable Bandwidth Properties box မှာတော့ Enable option ကိုရွေးပါ။ Bandwidth Limit [%] box မှာတော့ 0% နေရာမှာ 20 % ပြောင်းပြီး ok နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် အရင်ထက် ပိုမြန်လာတာတွေ့ရပါလိမ့်မယ်..။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ

Folder Options ကို ပြန်ဖော်ခြင်း

Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုလေး ပြန်လုပ်ကြည့်ရအောင်အရင်ဆုံး Run box မှာ gpedit.msc ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒီ့ ပေါ်လာတဲ့ box ထဲမှာမှ
User Configuration ---> Administrative Template ---> Windows Components ---> Windows Explorerဆီသို့ တစ်ဆင့်ပြီးဆင့်သွားရပါ့မယ့်။ အဲ့ နောက်တော့ ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး D-cLick လိုက်ပါ။ ထပ်ပေါ်လာတဲ့ box ထဲက Disable ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ရပါလိမ့်မယ်။ကဲ စမ်းကြည့်ကြရအောင် ဗျာ

Registry အကြောင်းသိကောင်းစရာ


Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို အားလုံးအသိပါ။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတာကိုလည်း ကြုံဖူးကြမှာပါ။

Registry ဟာ Administrator မဟုတ်ခဲ့လျှင် ၀င်ရောက်ကိုင်တွယ်လို့မရပါဘူး။ Administrator တွေတစ်ဦးထက်ပိုပြီးထားခဲ့မိလျှင်တော့ C:\Windows\registry ကိုရှာပြီး registry ပုံလေးကို right click ခေါက်ကာ Run as ဆိုတဲ့ command ကို click လုပ်ပြီး window box ကျလာလျှင် The following user ဆိုတဲ့ နေရာမှာ click ခေါက်ပြီး registry ကို ဖွင့်စေချင်တဲ့ Administrator ရဲ့ အမည်နဲ့ Password ကို ပေးထားခဲ့လျင် အခြားသူဝင်ပြီးမကိုင်တွယ်နိုင်တော့ဘဲ သတ်မှတ်ပေးထားတဲ့ Administrator ကသာကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

အနှောက်အယှက် Software တွေဟာလည်း Registry မှာဝင်ရောက်ရေးထားတာဖြစ်သလို Software တွေကို တင်တိုင်းဖျက်တိုင်းမှာ Registry ဟာ အမြဲမှတ်သားထားတာ ဖျက်ပစ်တာကိုလုပ်ရပါတယ်။
ကြာလာတဲ့အခါမှာ Registry ဟာ မှတ်သားထားတာတွေများလာပြီးရှုပ်ပွလာပါတော့တယ်။
Registry မှာ key တွေများပြားလာတဲ့အခါကွန်ပျူတာဟာ နှေးကွေးလေးလံလာပါတယ်။

ဒီအချက်ကိုပြုပြင်လိုလျှင်တော့ Registry ကို သန့်ရှင်းပေးတဲ့ Software ကို သုံးပြီးသန့်ရှင်းပေးရမှာဖြစ်ပါတယ်။
System ကိုလည်းသန့်ရှင်းပေးတဲ့ Software တွေသီးသန့်ရှိတဲ့အတွက် တစ်လကိုတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်စေခြင်းဖြင့် ကွန်ပျူတာမှာဖြစ်ပေါ်တတ်တဲ့ သာမန် Software ပြဿနာတွေ ပေါ်မလာနိုင်တော့ပါဘူး။

Windows Registry အကြောင်းကို အပိုင်း သုံးပိုင်းခွဲပြီး ရှင်းပြပါ့မယ်။
Chapter(1) - Windows Registry အကြောင်း၊
Chapter(2) - Windows Registry ကို Manual ပြုပြင်ခြင်း၊
Chapter(3) - Windows Registry ကို Script များရေးပြီး ပြုပြင်ခြင်း၊
တို့ဖြစ်ပါတယ်။
Chapter(1)
Windows Registry အကြောင်း
Windows O.S ရဲ့ Registry ဆိုတာ O.S နဲ့ စက်ရဲ့ Application, Hardware, Software,
Device Driver & Network Portocol တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အစုအဝေးပါ။

Registry ထဲမှာ အဓိက ပါဝင်မှုတွေကတော့
-Device & Application များရဲ့ Setup Progarm များ
-User Profile များ
-NTLDR (Windows ကို load ပေးတဲ့ Progarm)
-Device Driver
-Hardware Profile
-Application Progarms

Registry ကို တည်ဆောက်ပုံ နှစ်မျိုး ခွဲနိုင်တယ်။
(1) Logical Organization
(2) Physical Organization

(1) Logical Organization
သူ့မှာတော့ Branch (5) ခုရှိတယ်။ အဲ့ဒီ ငါးခုကို High level key(or) Sub key(or) Main key
လို့ ခေါ်တယ်။ သူ့ အောက်မှာလည်း နောက်ထပ် Sub key တွေ ရှိပြီးတော့ အောက်ဆုံးအဆင့် မှာ
Value တွေရှိတယ်။ Value တွေမှာလည်း Value name တွေ ရှိပြီးတော့ Assign လုပ်ထားတဲ့ Data
& Data Type တွေရှိတယ်။အဲ့ဒီ
High level key(or) Sub key(or) Main key တွေ ကတော့-

-HKEY_CURRENT_USER
- လက်ရှိ logon ၀င်ရောက်နေတဲ့ user နဲ့သက်ဆိုင်တဲ့ အချက်တွေကိုဖော်ပြပေးတယ်။
- လက်ရှိ User ရဲ့ အချက်အလက်တွေကို သိမ်းထားပေးတယ်။

-HKEY_CLASSES_ROOT
- Software နှင့် ၄င်း Software တွေ မည်သို့ ဖွဲ့စည်းထားသည်ကိုဖော်ပြပေးတယ်။
- -HKEY_LOCAL_MACHINE ၏ Sub key တစ်ခုဖြစ်တယ်။

-HKEY_CURRENT_CONFIG
- လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကို ဖော်ပြပေးတယ်။
- ၄င်းသည် -HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software & System မှ
Data များကို ထုတ်နှုတ်ဖော်ပြပေးတယ်။

-HKEY_USERS
- လက်ရှိ Logon ၀င်ရောက်နေသော User ရဲ့ ID & Logon Screeen ကို တည်ဆောက်ရန်
လိုအပ်တဲ့ အချက်အလက်တွေကိုပြတယ်။

- User အားလုံးရဲ့ Profile တွေကို သိမ်းပေးတယ်။
- -HKEY_CURRENT_USER သည်
-HKEY_USERS ၏ Sub key တစ်ခုဖြစ်သည်။
-HKEY_LOCAL_MACHINE
- O.S စတင်တက်ရန် လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Data

များအပါအ၀င် ကွန်ပျူတာနဲ့သက်ဆိုင်သော Data Configuration များကိုပြပေးတယ်။
- မတူညီသော User များ Logon ၀င်ရောက်နေစဉ်တွင် ၄င်း ရဲ့ အချက်အလက်တွေကို
ပြောင်းမပေးပါ။

(အထက်ပါ Sub Key ငါးခုကိုကြည့်ခြင်းအားဖြင့် Registry မှာ အဓိက Sub key က နှစ်ခုပဲရှိတာကို
မြင်တွေ့နိုင်ပါတယ်။ -HKEY_USERS အောက်မှာ -HKEY_CURRENT_USER , -HKEY_LOCAL_MACHINE
အောက်မှာ -HKEY_CURRENT_CONFIG & -HKEY_CLASSES_ROOT ရှိနေပါတယ်။

(2) Physical Organization
Registry ကို Hive လို့ခေါ်တဲ့ ဖိုင် ငါး ခုထဲမှာ သိမ်းထားတယ်။ အဲ့ဒါတွေကတော့

1.Default
2.SAM
3.SECURITY
4.SOFTWARE
5.SYSTEM
တို့ဖြစ်ပါတယ်။

-HKEY_LOCAL_MACHINE
SAM
SECURITY
SOFTWARE [-HKEY_CLASSES_ROOT] , [-HKEY_CURRENT_CONFIG]
SYSTEM
[-HKEY_CURRENT_CONFIG]

-HKEY_USERS
Default [-HKEY_CURRENT_USER]
လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာတော့ ကျွန်တော်တို့ဟာ Logical အပိုင်းကိုပဲ အသုံးပြုပြီးတော့
Physical ပိုင်းကိုတော့ နားလည်ယုံဆို အဆင်ပြေပါတယ်။

ကဲကျွန်တော်တို့ Registry ကိုသိပြီ။ နားလည်ပြီ……. သူ့ကိုဘယ်မှာရှာရမလဲ ဆိုရင်
Start Menu> Run ကိုသွားပါ၊ နောက်ပြီး Run dialog box ပေါ်လာရင် regedit လို့ ရိုက်ပြီး
Enter ခေါက်လိုက်ရင် Registry Editor ပေါ်လာပါလိမ့်မယ်။
Registery ကို ဘယ်မှာသိမ်းသလဲ ဆိုတော့…………..
partation C: ရဲ့ Win32 ထဲက Config ထဲမှာသိမ်းပါတယ်။
Registry ရဲ့ Repair ကိုတော့ C အောက်က Window ထဲက repair ထဲမှာသိမ်းပါတယ်။

အထက်မှာ ပြောပြထားသလို Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type
အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ………..

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊
Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။
2.REG_DWORD
3.REG_EXPAND_SZ
ကိန်းရှင် (variable) များ
4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့
အခြားအမှတ်တွေပါ။
5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။
6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော
Nested Array တစ်ခု။

(အသုံးများတဲ့ data type တွေကို အနီနဲ့ ပြထားပေးပါတယ်။)
…………………………………………

windows ကို lock ချဖို့

Windows ကို Lock ချ ဖို့ဆိုရင်တော့ Windows key နဲ့ L ကိုတွဲနှိပ်လိုက်မယ်ဆိုရင် lock ကျသွားပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါ။ မသိရင် အသစ်ပေါ့။ သိရင်တော့ .....

local Disk ကို Double Click နဲ့ ဖွင့်တာ Search Box ပေါ်လာခြင်း။

local Disk ကို Double Click နဲ့ ဖွင့်တာ Search Box ပေါ်လာရင်
Run Box ---> regsvr32 /i shell32 ရိုက်လိုက် ပြီးရင် box တစ်ခု ကျလာလိမ့်မယ် အဲ့ဒီ့ box မှာ OK ကို click လိုက်ပါ။ အဆင်ပြေသွားမှာပါ။ မရဘူးဆိုရင်တော့ Restart ချပြီး ပြန်ဖွင့် လိုက်ပါ။ စိတ်ချမ်းသာသွားစေရမယ်။

Control Panel မှ Add or Removes Programs ကို ပိတ်ထားခြင်း။

Run box ထဲမှာ gpedit.msc ဆိုပြီးရိုက် ပြီးရင် Enter။
Group Policy Editor ဆိုပြီးပေါ်လာမှာပါ။ အဲဒီထဲမှာ User Configuration --->Administrative Templates ---> Control Panel ---> Add or Remove Programs မှ ညာဘက်ခြမ်းမှာ တွေ့ရတဲ့ Remove Add or Remove programs ပေါ်မှာ R-Click မှ Properties ကို click လိုက်ပါ။ အဲ့ဒီမှာ Not configured,Enabled,Disabled ဆိုပြီးတွေ့ရလိမ့်မယ်။ အဲ့ဒီ့မှာ Enabled ကို ရွေးထားလိုက်မယ်ဆိုရင် တစ်ခြားသူက သင်ထည့်ထားတဲ့ programs ကို ဖြုတ်လို့ မရတော့ဘူးပေါ့။ ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ Enabled နေရာမှာ Not Configured ကိုပြန်ရွေးပေးရမှာပါ။ ကဲ...စမ်းကြည့်လိုက်ပါအုံး...ဗျာ။

Task Manager ပြန်ရအောင်

ပျောက်နေတဲ့ Task Manager ပြန်ရအောင်လို့
Start ---> Run box မှာ gpedit.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
Group Policy Editor ဆိုပြီးပေါ်လာမှာပါ။ အဲဒီထဲမှာ User Configuration ---> Administrative Templates ---> system ---> Ctrl+Alt+Del Options ကို selection ပေးလိုက်ရင် ညာဘက်မှာ Remove Task Manager ဆိုတာပေါ်မှာ D-Click နှိပ်ပြီး Disabled ဆိုတာကို ရွေးပေးလိုက်ပါ။ Apply ပြီး OK ပေါ့။ ပြီးရင် Group Policy ကိုပိတ်ပြီး Task Manager ကို ခေါ်ကြည့်လိုက်ပါ။ မရသေးဘူးဆိုရင် အထက်ပါအတိုင်း ပြန်ဝင်ရပါ့မယ်။
Remove Task Manager ဆိုတဲ့နေရာကိုရောက်ရင် D-Click နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမှာဖြစ်ပါတယ်။Group Policy Editor ကို ပိတ်ပြီး Task Managre ကို ပြန်ခေါ်ကြည့်ပါ။ စိတ်ချမ်းသာသွားမှာပါ။

မကြည့်စေချင်တဲ့ site တွေပိတ်ထားမယ်ဆိုရင်



ပထမဆုံးအနေနဲ့ run box မှာ C:/windows/system32/drivers/etc ရိုက်လိုက်ပါ။ အဲဒီမှာ hosts ဆိုတဲ့ဖိုင်

ကို R-Click မှတစ်ဆင့် Notepad နဲ့ဖွင့်လိုက်ပါ ၊ အဲဒီမှာ 127.0.0.1 localhost ဆိုတာရှိပါတယ် ၊

အဲဒီစာသားအောက်မှာကိုယ် Block ချင်တဲ့ဆိုဒ်ကိုရိုက်ထဲ့လိုက်ပါ။ ဥပမာအားဖြင့် google ကိုပိတ်ချင်တယ်ဆိုရင်

127.0.0.1 localhost
127.0.0.1 www.google.com လို့ရိုက်ပြီး Save လုပ်လိုက်ပါ။ ok သွားပါလိမ့်မယ်။ တကယ်လို့ ပြန်ဖွင့်ချင်တယ်ဆိုရင်တော့

အဲ့ဒီ့စာ ကြောင်းကို ပြန်ဖြတ်လိုက်ပါ။...

ကျွန်တော်ရဲ့ဒိုင်ယာရီ

ကျွန်တော့်ရဲ့ ဒီစာမျက်နှာလေးဟာ ဒိုင်ယာရီ မှတ်စု သဘောမျှသာဖြစ်ပါသည်။
ထို့ကြောင့် စီနီယာ blogger တွေရဲ့ နည်းပညာများ၊ သတင်းများ၊ အစရှိသည်တို့ကို မှတ်သားထားမိသော် ခွင့်လွတ်ပေးစေချင်ပါသည်။အမှန်တကယ်တော့ ကျွန်တော် ဘယ်နေရာရောက်ရောက် မှတ်သားထားတာလေးတွေ အလွယ်တကူရှာနိုင်ရန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မပြည့်စုံသေးတဲ့ ဒီစာမျက်နှာလေးကို မှတ်ချက်ပေးဖို့၊ သင်ကြားပေးဖို့ လည်းဖိတ်ခေါ်ပါသည်။ အမှားပါမိသော်ခွင့်လွတ်စေချင်ပါသည်။ နည်းပညာများ ကို ခွင့်မတောင်းပဲတင်မိသော် ခွင်လွတ်ပေးပါရန် အနူးညွတ်တောင်းပန်အပ်ပါသည်။ အားလုံး...ပြုံးပျော်ရွင်လန်းနိုင်ပါစေ...ခင်ဗျာ။
......