Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

File size ကြီးကြီးပို့မယ်...။ 100MB to 1GB

ကဲဒီတစ်ခါတော့... File size (MB)များလို့ mail ပို့မရဘူးလို့ဆိုသူတွေအတွက်ပါ...။ 1-www.sizablesend.com
2-www.yousendit.com
3-www.megaupload.com
4-www.zupload.com
5-www.dropsend.com
6-www.mailbigfile.com
7-www.leapfile.com
8-www.mediamax.com
9-www.box.net
10-www.orbitfiles.com
11-www.drivehq.com
12-www.flipdrive.com
13-www.xdrive.com
အားလုံးအဆင်ပြေအောင် အများကြီးတင်ပေးလိုက်တာပါ..သုံးကြည့်ပါ...ကျွန်တော့် အထင်တော့
၂ ခု လောက်သုံးရင် တော်တော် အဆင်ပြေပါတယ်...

source : စံပီး

ဓါတ်ပုံ အသစ်မှ ပုံ အဟောင်းဆီသို့...။

ကဲ စာဖတ်သူများ မျက်စိလည် လမ်းမှားပြီးရောက်လာသူများ ဒီတစ်ခါတော့ ဓါတ်ပုံ ကာလာစုံ (4c) မှ ပုံအဟောင်း စတိုင်လ်
သို့ လုပ်ချင်သူများအတွက်...ပါ..။ Photoshop တက်ဖို့ မလိုဘူးနော်... အောက်မှာ ကျွန်တော်ညွှန်ပြတဲ့ site ကို သွား
လိုက်ပါ ...။

go to link : ဒီကနေသွားပါ

PC for software

သူငယ်ချင်းတို့ pc တစ်လုံးအတွက် လိုအပ်တာလေးတွေ ဒီမှာ အကုန်ယူလို့ရပါတယ်။ pc အတွက်ဆိုတော့ windows xp , windows 7, windows vist အကုန်လုံးပါတာပေါ့ဗျာ...။ အောက်က link မှာ သွားယူလိုက်ပါ...။


optimizingpc

“လောကနီတိ”

လောကနီတိ၊ က၀ိစကား
မှတ်သားနာယူ၊ နှလုံးဖြူက
လူပုံအလယ်၊ တင့်တယ်ထွန်းတောက်
စိန်ကျောက်အလား၊ စီးပွားတိုးတက်
ဂုဏ်ကျက်သရေ၊ တက်ဖြိုးဝေလိမ့်
လေညာလေအောက်၊ ရနံ့ရောက်၍
ကြိုင်လှောက်မွှေးကြူ၊ ပန်းမဉ္ဇူသို့
သူသူငါငါ၊ ချီးမြှောက်ရာ၏
ခုခါနောင်ရေး၊ ရန်ဖယ်ဝေး၍
စိတ်အေးချမ်းသာ၊ ရိပ်ဆာယာဝယ်
ပညာသီလ၊ မြတ်ဓမ္မဖြင့်
ဘ၀ကိုသုံး၊ ချိန်မဖြုန်းမှ
မဆုံးတန်ဖိုး တိုးလိမ့်တကား။ ။
ဣန္ဒာဆွေ



Loka Niti


Loka Niti refers to words of the wise
If one notes them and acts as advised
With purity in one’s heart in essence
One will have elegence and brilliance
Among all, like a gem, enjoy prosperity
With rising personal honour and glory
Fame spreading all over far and near
Fragant as the fabulous celestial flower
One and all according praise in honour
Free from danger now also in future
With full peace of mind in the shelter
Imbibing truth, wisdom and right behaviour
Live one’s life without wasting time unelessly
Only then will one’s value rise unceasingly.
Aenda Swe

၃၈ ပါး မင်္ဂလာတရား ...။

၁။ လူမိုက်ကို ရှောင်ကြဉ်ရမည်။

၂။ ပညာရှိသောသူကို မှီဝဲဆည်းကပ်ရပါမည်။

၃။ ပူဇော်ထိုက်သောသူကို ပူဇော်ရပါမည်။

၎။ သင့်တင့်လျှောက်ပတ်သော အရပ်၌ နေရပါမည်။

၅။ ရှေးကပြုခဲ့သော ကောင်းမှု ရှိရပါမည်။

၆။ မကောင်းမှုကို မပြုမိအောင် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ရပါမည်။

လောကနီတိ (၁)

(၁) ပျင်းရိသောသူ အတတ်ပညာမရနိုင်၊ အတတ်ပညာမရှိသူ ဥစ္စာစီးပွား မရနိုင်၊ ဥစ္စာစီးပွား မရှိသူ
အဆွေခင်ပွန်းကောင်းမရနိုင်၊ အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခ မရနိုင်၊ ချမ်းသာသုခ မရှိသူ ကောင်းမှုကုသိုလ်မရနိုင်၊ ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာမျက်မှောက်ပြုနိုင်အံ့နည်း...။

One who is lazy gains no knowledge. One who has no knowledge gains no wealth. One who has no wealth has no good companion. One who has no good companion has no solace. One who has no [...]

Blog တစ်ခု တည်ဆောက်ဖို့ အတွက်...။

Blog တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်ရန် အတွက် လမ်းညွှန်ချင်ပါတယ်...။
ကျွန်တော်တို့လို HTML code တွေ နားမလည်သူများအဖို့တော့ အရမ်းအဆင်ပြေပါတယ်...။
ဒါကြောင့် သွားရောက်လည်ပတ်လိုက်ပါအုံးဗျာ ...။

Go to Link : kp3family

Icon များ Download လုပ်ရန်

Web ဆရာများနဲ့ Blogger များအတွက် Icon များကို download လုပ်ရန်

Go to Link

မဖြစ်မနေသွားသင့်သည့် MyanmarTutorials...။

ဒီတစ်ခါ IT နဲ့ ပတ်သက်တဲ့ မဖြစ်မနေသွားရောက်သင့်တဲ့ ဆိုဒ်ကို လမ်းညွှန်ချင်ပါတယ်...။
Web အကြောင်းပဲဖြစ်ဖြစ် ၊ Mobile အကြောင်းပဲဖြစ်ဖြစ် လေ့လာလို့ရပါတယ်...။
HTML & CSS , PHP , Database , C# , Flash စသဖြင့် လေ့လာလို့ရပါတယ်...။
ပြောနေတာ ကြာပါတယ်...။
ဒီမှာ သွားကြည့်လိုက်ပါ။

Thumb Drive နဲ့RAM မြှင့်မယ်...။

နံပါတ်တစ်...
အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ...။ မ၀ယ်နိုင်ရင်လည်း
သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားလိုက်ပါ...။
Capacity များလေကောင်းလေဆိုပါတော့ဗျာ...။ ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး...။

နံပါတ်နှစ်...

အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ...။ ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာအောင်စောင့်ပါ...။ ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ...။မှတ်ထားလိုက်ပါ...။

SVCHOST.EXE သတ်နည်း ...။

ဒီ Post ကိုကျွန်တော်က www.zuzuaung.info ဆီကပါ။
သူကလဲ သူများဆီက ယူထားတာပါတဲ့။ ဘာပဲဖြစ်ဖြစ် Virus ကြောင့် အခက်အခဲရင်ဆို နေရသူတွေအတွက် ပြန်မျှ
လိုက်ပါတယ်ခင်ဗျာ။

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..
သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..


Funny သတ်ရန် နည်းလမ်း...။

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး… Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်….

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်….

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်… Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်…
Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်…
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်… Autorun.inf က update.exe ကို ထောက်ပံ့တာပါ…


အလွယ်ဆုံး Virus ရှိ ၊ မရှိ စမ်းနည်း...။

တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..။

၁။ Start-->Run --> cmd ရိုက်ထည့်ပါ။
၂။ cd\-->enter ။
၃။ C:\>setup --> enter ...

ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မှတ်ချက်။ ။ မပေါ်ခဲ့ရင် တော့virusရှိနေပါပြီ...။
တကယ်ထိရောက်တဲ့ နည်းလို့တော့ မပြောနိုင်ပါဘူး။

Virus အကြောင်း ဖတ်မိသမျှ.....။

ဒီရက်အတွင်းတော့ စက်က Virus ထိပြီ နလန်ပြန်ထအချိန်ဆိုတော့ Virus အကြောင်းပဲ တင်လိုက်ပါတယ်။

What is Virus
Virus ဆိုတာကတော့ လွယ်လွယ်ကူကူပြောရရင် computer ကိုဖျက်စီးပစ်တာပဲပေါ့။ Virus ကိုအများအားဖြင့် အပျော်အနေနဲ့ ဖန်တီးလာရာကနေ ဖျက်စီးခြင်းဆိုတဲ့ နေရာကို ရောက်ရှိလာတာပါ။ အမှန်တိုင်းပြောရရင်တော့ Virus ဖန်တီးတာကို အားမပေးဘူး။ ဒါပေမယ့် virus တစ်ခု ဘယ်လို လုပ်ရမယ်မသိပဲ virus ကို သတ်ဖို့ဆိုတာကတော့ မလွယ်ဘူးလေ။ ဒါကြောင့် virus က ဘယ်လိုအလုပ်လုပ်တယ်။ ဘာတွေလုပ်တယ်။ နောက်ပြီး ဘယ်လိုတွေ ဖျက်စီးတတ်တယ်စတာတွေကို သိထားဖို့လိုပါတယ်။
Virus ရဲ့ သမိုင်းကိုတော့ ကျွန်တော် မရှင်းတော့ဘူး။ Wikipedia မှာပဲ ရှာဖတ်လိုက်ရင် အရှည်ကြီးတွေ တွေ့ရမှာပါ။ Virus က အဓိကအားဖြင့်တော့ Windows မှာ တိုက်ခိုက်တာပါ။ Linux နဲ့ Mac မှာ တိုက်ခိုက်ခံရတာ နည်းပါတယ်။ Mac တောင် နောက်ပိုင်း တိုက်ခိုက်ခြင်းတွေ ခံရလာပါတယ်။ Linux ကတော့ အခုချိန်ထိ အေးဆေးပါ။ ဘာလို့ Windows မှာ တိုက်ခိုက်ခံရတာများလည်းဆိုရင်တော့ ရှင်းပါတယ်။ Windows က လူအများဆုံး အသုံးပြုကြတယ်။ နောက်ပြီး တိုက်ရတာလွယ်တယ်။ ဒါကြောင့် အများဆုံး အတိုက်ခံရတာပါ။
Virus တစ်ခုကို ဘယ်လိုဖန်တီးထားလဲဆိုတော့ program နဲ့ ဖန်တီးထားတာပါ။ ဒါကြောင့် Programming Language တစ်ခုခု တတ်ကျွမ်းဖို့လိုပါတယ်။ အဓိကတော့ နည်းနည်းပါးပါးလေ့လာပြီး ရေးတတ်ရင်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ programming language ရဲ့ ဘယ်အပိုင်းကိုရေးတတ်ရင် ရပြီဆိုတာကို သိလာမှာပါ။

Virus အခြေခံ ရှင်းလင်းနည်း...။

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Recycle Virus ရှင်းနည်း...(၁)။

Recycle Virus ကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ရှင်းရန်နည်းလမ်းလေးပါ...
ပထမအဆင့်အနေနဲ့
Ctrl + Alt + Del ကိုနှိပ်ပြီး Windows Task Manager ပြီးတဲ့အခါ Processes Tab ကိုသွားပါ။
CTFMON.EXE ရှာပြီး End Task လိုက်ပါ။ပြီးရင် Start Menu ထဲက CTFMON.EXE ကိုရှာပြီး ဖြတ်လိုက်ပါ။

Virus ၏ ပင်ကိုယ်သဘော

Virus အကြောင်းသိသမျှ

(၁)Viruses
Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊
နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး
နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ
Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့မပြီးဘူး။ ဂြိုလ်သားတွေ လိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်းလိုက်ကပ်နိုင်သေးတယ်။

(၂)Email Virus
Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွား တာလား။လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တိုMail တွေ ပို့တော့တာပဲ။အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses
Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game
လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်းRunလိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။
အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms
Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။
Wormရဲ့Copyကောင်ကဘယ်စက်မှာSecurityပိုင်းယိုကွက်/ဟာကွက်ရှိနေလဲလိုက်ချောင်း၊ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ
မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။ သိသမျှ တွေ့သမျှတွေ ပြန်မျှလိုက်ပါတယ်...
Source : www.zawlinyouth.net

HTML Lesson များ လေ့လာရန်...။

HTML ကို လေ့လာချင်သော သူငယ်ချင်း အပေါင်းတို့ ခင်ဗျာ...
အခု ဒီနေရာလေးမှာ သွားရောက်လေ့လာနိုင်ကြောင်း...ပါ ခင်ဗျာ...။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Database Mirroring with SQL server 2005” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးဇော်မိုးသန့် (ACE Data Systems) မှ ဒီဇင်ဘာလ (၁၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Database Mirroring with SQL server 2005 ” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ ယနေ့ Business Applications များတွင် တွင်ကျယ် စွာအသုံးပြုနေကြသော SQL Server 2005 အားအသုံးပြု၍ High Availability Solution တစ်ခုဖြစ်သော Database Mirroring အားစမ်းသပ်မည်ဖြစ်ပါသည်။ Database Applications များရေးသားခြင်းကို လေ့လာနေသူများ၊ Database Administrator များအနေဖြင့် လက်တွေ့စမ်းသပ်သင့်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Source : MCPA

Online Dhamma TV

တရားချစ်ခင် သူတော်စင်များအတွက် Online Dhamma tv ဆိုဒ်လေးပါ...
ဒီနေရာမှာwww.dhamma.tvသွားရောက် တရားနာနိုင်
ပါတယ်ခင်ဗျာ.....
အားလုံး...အေးချမ်းသာယာရှိပါစေ.....

မိမိ Blog ကို Back Up လုပ်ခြင်း...။

(1)TEMPLATE BACK UP
LAYOUT >>> EDIT HTML ကိုသွား၍
မိမိတန်းပလိတ်လေးကို DOWNLOAD,UPLOAD လုပ်၍
TEMPLATE BACK UP ပြုလုပ်နိုင်သည်။

(2)BLOG BACK UP
SETTING >>> BASIC ကိုသွား၍
မိမိဘလော့လေးကို IMPORT,EXPORT လုပ်၍
BLOG BACK UP ပြုလုပ်နိုင်သည်။

source : ချယ်ရီမြို့တော်

မိမိ Blog စာမျက်နှာအပေါ်ဆုံးမှ NAVBAR ကိုဖျောက်ခြင်း...။

မိမိBlogစာမျက်နှာရဲ့အပေါ်ဆုံးမှာရှိတဲ့ NAVBAR ကိုဖျောက်ဖို့အတွက် LAYOUT >>> EDIT HTML ထဲက VARIABLE DEFINITIONS ကို ရှာပါ ပြီးရင် သူ့ အပေါ်မှာ အောက်ပါကုတ်ကို ကူးထည့်ပေးလိုက်ပါ။

Notepad နဲ့ Folder တွေ lock ချမယ်...။

Folder တွေကို Lock ချတဲ့ နည်းတွေအများကြီးရှိပါတယ်...။ တစ်ချို့တွေလည်း software သုံးတယ်...။
အခု နည်းလမ်းလေးကတော့ Notepad နဲ့ Lock ချတဲ့နည်းလေးပါ...။ ကဲ စရအောင်...အောက်မှာ ပြထားတဲ့ coad
တွေကို Notepad မှာ copy ကူးပြီ ထည့်လိုက်ပါ...။

Recent Filesကို Auto Clearလုပ်နည်း...။

သင်ဟာ အများသုံးတဲ့ ကွန်ပျူတာတွေကို(ဆိုင်မှာ)သုံးခဲ့ရင် မိမိဖွင့်ခဲ့တဲ့ folder တွေ fileတွေ ကို တခြားသူတွေ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Recent file တွေကို ရှင်းပစ်ဖို့လိုအပ်ပါတယ်...။ စက်မပိတ်ခင်မှာ Run >> Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမှာ ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လဲ ရပါတယ်။ ဒါပေမဲ့ အမြဲ အဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ဘူး။ ဒီထပ်ဆိုးတာ အဲ့ဒီ Recent Documents တွေကို မဖျတ်ဘဲ ထားတာကြာလာရင် စက် handing ဖြစ်လာသလို Virus တွေ ခိုအောင်းတဲ့နေရာလည် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ရှင်းသင့်ပါတယ်။ ဒါကြောင့် မိမိလဲ ရှင်းရတာသက်သာအောင် မိမိ မေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။