Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

ဒီဇိုင်းပညာရပ်များကို ပြန်လည်မျှဝေနိုင်မည့် မြန်မာဒီဇိုင်နာဝေါလ်အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင်.....။

ဒီဇိုင်း ပညာရပ် များကို ပြန်လည် မျှဝေ နိုင်မည့် မြန်မာ ဒီဇိုင်နာဝေါလ် အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို လွှင့်တင် ခဲ့သည့် Media Lane ဝက်ဘ်ဆိုက် ဒီဇိုင်းများ ရေးဆွဲလျက် ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ခဲ့သည်။ အဆိုပါ ဝက်ဆိုက် လွှင့်တင်ခြင်းနှင့် ပတ်သက်ပြီး အထက်ပါ တာဝန် ရှိသူက ပြည်တွင်းတွင် ဒီဇိုင်းနှင့် ပတ်သက်သော ဒီဇိုင်း အခြေခံ Website မှာ လက်ညှိုး ထိုးလို့ ရနိုင်အောင်ပင် ရှားပါး နေပါတယ်။ ဒါကြောင့် ပြည်တွင်းက ပညာရှင် တွေပဲ ဖြစ်ဖြစ်၊ ဒီဇိုင်းကို စိတ်ဝင်စား နေတဲ့သူပဲ ဖြစ်ဖြစ် ဝင်ရောက် အသုံးပြု စေချင် တာကြောင့် အခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်။ အထက်ပါ ဝက်ဘ်ဆိုက်တွင် Design Tutorials များကို အဓိက အသားပေး ဖော်ပြနေတာ ဖြစ်ပြီး Graphic Design နှင့် ပတ်သက်သော ဒီဇိုင်းများ သာမက Web Design စိတ်ပါဝင်စား သူများ အတွက်လည်း Web Design Tutorials များကို ဖော်ပြ ပေးထားကြောင်း သိရသည်။ ထို့အပြင် Myanmar Designer Wall အတွင်း Design နှင့် ပတ်သက်သော အသိပညာ များကို အပြန် အလှန် Share လုပ်ပေး သွားနိုင်ပြီး အသုံးပြု ဝင်ရောက် ကြည့်ရှု သူများ အနေနဲ့လည်း မိမိ၏ ဒီဇိုင်းများ၊ ဒီဇိုင်းအမြင် များကို လွတ်လပ်စွာ မျှဝေသွား နိုင်ကြောင်းလည်း အထက်ပါ တာဝန် ရှိသူမှ ရှင်းပြ ခဲ့ပါသည်။ တည်ထောင် ချိန်မှာ မကြာမြင့်သေး တဲ့အတွက် လိုအပ်သော အကြံဥာဏ် များကိုလည်း ပေးသွား နိုင်ကြောင်းနှင့် လက်ရှိ Designer လောကတွင် အသုံးဝင် နိုင်သော ဒီဇိုင်း Tutorials များကို အလေးထား ဖော်ပြပေး နေကြောင်း၊ Web Designer ဘက်ကိုလည်း အလျဉ်း သင့်သည့် အခါတိုင်း ဖော်ပြပေး ကြောင်းလည်း သိရှိ ရသည်။ ဝင်ရောက် လေ့လာ လိုပါက www.myanmardesignerwall.com တွင် ဝင်ရောက် လေ့လာ နိုင်ကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment