Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

ကိုယ့် G mail ကို တခြားသူဝင်သုံးနေသလား....?

G mail အသုံးပြုသူ သူငယ်ချင်းတို့အတွက်သတင်းကောင်း..........................................
G mail account ကို သူများဝင်သုံးနေသလားဆိုပြီး သံသယရှိနေရင် ဒီလို စစ်ဆေးနိုင်ပါတယ်....
ပထမဆုံးအနေနဲ့ သင့်ရဲ့Gmail ကို sign in လုပ်လိုက်ပါ...။ ပြီးရင် အဲ့ဒီ့ Gmailစာမျက်နှာရဲ့ အောက်ဆုံးက သုံးကြောင်းမြောက်မှာ အခုလို This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 32 minutes ago. ဆိုပြီး တွေ့ရပါလိမ့်မယ်... ဒီ့ထက်ပိုပြီး သိချင်ရင် အဲ့ဒီ့စာကြောင်းဘေးနားမှာ Detail ဆိုတဲ့ လင့်ကလေးနှိပ်ပြီးကြည့်နိုင်ပါတယ်.....။
IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ သုံးနေသလား။ ဘယ်နေရာကလဲ စသဖြင့် သိရှိနိုင်ပါတယ်။တကယ်လို့တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝင်ထားတုန်း တခြားတစ်ယောက်ကလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information ဆိုတဲ့နေရာမှာ IP Address များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး အဲ့ဒါတွေကိုပါ Logout လုပ်ချင်ပါက
အောက်ဖက်နားရှိ Sign Out all other sessions ကိုနှိပ်ပါက ရှိသမျှ တစ်ပြိုင်နက်သုံးနေသော သူများကို Logout လုပ်နိုင်ပါတယ်။ တကယ်လို့ သင့် mail မှာ အထက်ပါအတိုင်း ကြုံတွေ့လာခဲ့ရင်တော့ သင့်ရဲ့ Password ကို အမြန်ဆုံးပြောင်းလိုက်ပါ...။ကာကွယ်ရာလည်းရောက်ပါတယ်.... အားလုံးအဆင်ပြေပါစေ...

0 comments:

Post a Comment