Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

Chrome.exe ဒီကောင်တွေကို ဒီလိုရှင်းမယ်....(Gtalk Link Virus)

ဒီလိုဗျ သူက Gtalk နဲ့ Yahoo messenger ကကိုယ့်  သူငယ်ချင်းတစ်ယောက်က စကားလှမ်းပြောသလိုမျိုး ကို့ဆီကို တက်လာတယ်။ စာကြောင်း သုံးပိုဒ် သုံးခါ ခွဲတက်တာပါ။ အရမ်းတော့မြန်ပါတယ်။
1 ။ asl please
I am 23 Female, Delhi (India)
and you?
2 ။ Now search your google in a HYBRIDDYNAMIC way
3 ။ View my private cam via secured connection အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျတယ်။ Run လိုက်ပြီ ဆိုတာနဲ့   

၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး ကာဆာ ချပေးလိမ့်မယ်...။(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)
၂။ ဖွင့်လိုက်ပြီဆိုတာနဲ့ အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်...။ ဘာမှ လုပ်လို့ မရဘူး...။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ခဏ ခဏ ဖြစ်နေလိမ့်မယ်...။ (တစ်ခြားနစ်ကို မိမိ ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ ) 
၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ်ပေးနေလိမ့်မယ်...။
၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်...။
၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး...။ 

အဲ့ဒါကို ဒီလိုဖြေရှင်းမယ်ဗျာ...
 ၁ ။ အရင်ဆုံး hidden folder တွေကို show ပေးရမယ် My Computer ဖွင့် Tools - Folder Options - View မှာ Show Hidden Files and Folder ကို check ပေးပြီး Hiddenဖိုင်တွေ ကို ဖော်လိုက်ပါ

အဲဒါတွေက viurs ကြောင့် ပျောက်နေ မှာလေ...၊ တကယ်လို့မရရင် rrt ဆိုတဲ့ Software လေး သုံးလိုက်မယ်။ ဒေါင်းရန်လင့်ကတော့ ဒီမှာယူလိုက်ပါမယ်...။ အသုံးပြုပုံကတော့ သူ့ကို run လိုက်ပါ ပြီးရင်
 Check All ကိုနှိပ်...။ ပြီးရင် Remove ကိုဆက်နှိပ်...။ Exit ပေးလိုက်တော့...။ ဒါဆိုရင် အဲဒီ Options အားလုံးပြန်သုံးလို့ရပြီ...
ပုံ - ၁
My Computer ဖွင့် Tools - Folder Options - View မှာ Show Hidden Files and Folder ကို check ပေးပြီး Hidden ဖိုင်တွေကို ဖော်လိုက်ပါတယ်။

၂။ Chrome.exe တွေကို ဖျတ်မယ် နှစ်နေရာမှာ အရင်ဖြတ်ပေးရမယ်...။ အရင်ဆုံး C:Windows ထဲမှာ Chrome.exe ဆိုတာကို ရှာပါ။ Folder icon နဲ့ ဖြစ်နေလိမ့်မယ်...။ အဲဒီ ဖိုင်က အခု အလုပ်လုပ်နေတဲ့ ဖိုင် ဖြစ်တဲ့အတွက် delete နှိပ်ဖျတ်လို့ မရပါဘူး...။ (တစ်ချို့ စက်မှာတော့ ဖျတ်လို့ရတယ်ဗျ...။ ဗိုင်းရပ်ချင်းတူပေမယ့်လည်း တစ်ခါတစ်လေ သူစက် ဖြစ်တာနဲ့ ကိုယ့်စက်ဖြစ်တာ မတူတတ်ဘူးလေ...။ ၀င်းဒိုးပေါ်လည်း မူတည်ပါတယ်။) အဲဒီ process ကို ရပ်ပေးဖို့အတွက် ဒီတိုင်း ဖျတ်လို့မရတဲ့စက်မှာ Unlocker သုံးပြီး ပုံမှာ ပြထားတဲ့ အတိုင်း ဖျက်ပါ...


Delete ကိုရွေးပါ..။
... Unlocker run ပြီးရင် chrome.exe မှာ R-Click လုပ် unlocker ကို နှိပ်ပါ...။ ပြီးရင် ပုံအတိုင်းပေါ်လာမှာ ဖြစ်တဲ့တွက် အဲ့ဒီ့မှာ delete ကိုရွေးပြီး ok ကိုနှိပ်လိုက်ပါ...။ အဲ့ဒီ့အတိုင်းဖျက်ရန်
နောက်တစ်နေရာ ကတော့ System32 ထဲမှာ chrome.exe ကို ရှာပါ...။ C:WindowsSystem32 မှာ ဖြစ်ပါတယ်။ ၄င်း ဖိုင်ဟာ icon အနေနဲ့ မဟုတ်ပဲ folderပုံနဲ့ အနေနဲ့ ပြမှာပါ...။ အဲ့ဒီ့လို ဖျက်တဲ့နေရာမှာ တစ်ခါတစ်လေ ချက်ခြင်းမပျက်ပဲ error message box ပြတတ်ပါတယ်...။ 


ဒါပေမယ့်.. ၀င်းဒိုး ပြန်တက်တာနဲ့ ဖျတ်ပြီးသား ဖြစ်နေပါလိမ့်မယ်...။
နောက်တစ်ခုက အဲဒီ System32 ထဲကပဲ autorun.ini ဖြစ်ပါတယ်...။ အဲ့ဒီ့ ဖိုင်ကို D-Click နဲ့ ဖွင့်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်...။
 [autorn]
Open=chrome.exe
Shellexecute=chrome.exe
shell\open\command=chrome.exe
shell=open  ဆိုပြီးတော့ပါ...။ အဲ့ဒါကိုလည်း ဖျက်လိုက်ပါ...။


အခြား Drive တွေ ထဲကပါ ဖျတ်ပေးဖို့...အတွက် Winrar ကို သုံးလိုက်ပါတယ်။  ဒီမှာယူပါ။ Run ပြီးရင် All programs ထဲက Winrar ကို ရှာပြီး ဖွင့်ပါ...။winrar ရဲ့ Address bar မှာ D: လို့ ရိုက်ပြီး Enter နှိပ် လိုက်ရင် ဖိုင်သုံးဖိုင်ကို မြင်ရပါမယ်။ (Chrome.exe, New Folder.exe, autorun.inf )အဲဒီ သုံးဖိုင်ကို ဖျတ်ပေးပါ...။
 အခြားသော Drive များကိုလည်း လိုက်ဖျတ်ပေးပါ...

၎။ နောက်တစ်ခုက Start up ဖြစ်ပါတယ်။ Run မှာ msconfig လို့ ရိုက်ထည့်လိုက်ပါ...။ ပေါ်လာတဲ့ System Configuration Utility ရဲ့ Start up မှာ သူနဲ့ပတ်သာတာတွေကို Disable All လိုက်ပါ...။
ပြီးရင် Ok နှိပ်ပြီး Restart ပေးလိုက်ပါ။
 
၅။ ၀င်းဒိုးပြန်တက်လာတာနဲ့ အောက်ပါအတိုင်း Alert ပေါ်ပါလိမ့်မယ်...။ (Run မှာ chrome.exe လို့ ရိုက်ရှာလို့ system32 ထဲမှာ မရှိတော့တဲ့အတွက် ပေါ်တဲ့ Alert ပဲဖြစ်ပါတယ်။)အဲဒါကို ပြင်ဖို့အတွက် Run မှာ regedit လို့ ရိုက်ပြီး Registry Editor ကို ၀င်လိုက်ပါ။ အောက်ပါ အတိုင်း ရှာပေးပါ။
HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows/ NTCurrent/Version/Winlogon Winlogon ကို နှိပ်ပြီး ညာဘက်မှာ shell ဆိုတာကို ရှာပါ...
အဲဒါလေးကို ဖျတ်လိုက်ပါ။ နောက်တစ်ခါ windows တက်ရင် မပေါ်တော့ပါဘူး။
registry မှ shell ကိုဖျက်ရန်...
၆။ နောက်ဆုံးအဆင့်ကတော့ Drive တိုင်းမှာ hiddenဖြစ်နေတဲ့ folder နှစ်ခု တွေ့ပါလိမ့်မယ်...။ 
System Volume Information နဲ့ RECYCLER ဖြစ်ပါတယ်...။ အဲ့ဒါတွေကို တော့ unlocker သုံးပြီးဖျောက်လို့ရပါတယ်...။ နောက်ပြီး tools >> Folder Options>>View မှာ Hide protected operating system files (Recommended) ကို check ပေးပြီး ဖျောက်ထားကြတယ်...။  > all files and folders
> file name မှာ *.exe
> Look in > Local Harddrives
> what size it is? > specify in size မှာ at most ဆိုတာရွေးထားပါ။

ပထမ virus version ဆိုရင် 261 kb ရှိတယ်။ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 261 kb ဆိုတာတွေက folder ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။ ဒုတိယ virus version ဆိုရင် 482 kb ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 482 kb ဆိုတာတွေက camera ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။ အားလုံးပဲ virus မှကင်းဝေးနိုင်ကြပါစေ.....
go to link : http://www.mysteryzillion.org

0 comments:

Post a Comment