Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

TuneUp အကြောင်း သိကောင်းစရာများ.....။

ကျွန်တော် ဒီအကြောင်းအရာကလေးကို ဘလော့တစ်ခုမှာရေးသားဖော်ပြထားတာ တွေ့လို့ သူ့ post ကိုမှီငြမ်းပြီး တစ်ဆင့် လက်ဆင့် ကမ်းလိုက်ခြင်းဖြစ်ပါတယ်...။ Version ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်...။ ဒါပေမယ့်....လိုရင်းကတော့ အတူတူပါပဲ.....software ​တော့မတင်ပေးတော့ပါဘူးဗျာ.....။ softwareတင်ပေးတဲ့ ဆိုဒ်တွေလည်း အများကြီးပဲလေ....တကယ်လို့
လိုအပ်တယ်ဆိုရင် comments ပေးထားခဲ့ပါ...

ကဲဗျာ...စလိုက်ရအောင်...
Tuneup ကတော့ Window operation system ကို ပိုမိုမြန်ဆန် ၊ ကောင်းမွန်၊သွက်လက်လာအောင် mouse click လုပ်ပေး လိုက်ယုံနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ utilities ပါ...။ ဒီလိုဆွေးနွေးပြောကြားရာမှာ ပိုမိုလွယ်ကူသွားအောင် Category (၆) ပိုင်း၊ module လေးတွေ ခွဲပြီး ဆွေနွေးသွားပါမယ်..


Category – increase performance
၁။ Tuneup Drive Defrag Harddisk မှာ တစ်စစီပြန့် ကျဲနေတဲ့ file တွေ ကို စနစ်တကျ ပြန်လည် စိရီပေးခြင်း၊ window လုပ်ဆောင်နိုင်မှု့ ပမာဏကို မြင့်တင်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်...။

၂။ TuneUp StartUp Manager Window StartUp မှာ applications တွေကို ထိန်းချုပ်နိုင်တဲ့ moduleလေးပါ...။ (ဥပမာ- လိုအပ်တဲ့ application တွေကို automatic start လုပ်ခြင်း၊ မလိုအပ်တဲ့ Application တွေ ကို Automatic start မလုပ်စေခြင်း)

၃။TuneUp System Optimizer System , system configuration , internet တို့ကို speeds up ပြုလုပ်ပေးနိုင်ပါတယ်...။

၎။ TuneUp Registry Defrag Registry ထဲက physical errors တွေကို ပြုပြင် မှန်ကန်သွားစေခြင်း ပြန်လည်စီရီပေးခြင်းတို့ လုပ်ဆောင်ပါတယ်...။

၅။TuneUp Memory Optimizer မလိုအပ်တဲ့ physical Memory ကို freeup , clear ,move ပြုလုပ်နိုင်တဲ့module လေးပါ သူရဲ့ ထူးခြားချက်ကတော့ သူကို run လိုက်တာနဲ့ notification area ပုံစံမျိုးနဲ့ ပြသနေမှာ ဖြစ်ပြီး ၊ window startup မှာ လဲ automatic load ပေးထားလို့လဲရပါတယ်….


Categorie – Free up disk space
၁။ Unnecessary files and backups ဒါကတော့ ရှင်းပါတယ် မလိုအပ်တဲ့ ဖိုင်တွေကို အလွယ်တကူ remove လုပ်နိုင် Disk system ထဲထိ virus ၀င်နေတဲ့ အခါ backup ပြုလုပ်လိုတဲ့ အခါမှာ အသုံးပြု နိုင်ပါတယ်...။

၂။ Windows function ဒီ module လေးကတော့ User တိုင်းအတွက်မလိုအပ်ပါဘူး( ကျွန်တော်လဲ တစ်ခါမှ မသုံးဘူးသေးပါ..:P)
Hibernation (hibernation n. A state in which a computer shuts down after saving everything in memory to the hard disk. When the computer is powered on, programs and documents that were open are restored to the desktop. See also standby. )ကို အသုံးပြုတဲ့ user များအတွက် သီးသန့် ဖြစ်ပါတယ်... ။ အဲ window messenger ကို မျက်စိ ရှုပ်နေသူများကတော့ ဒီမှာ အလွယ်တကူ remove လုပ်နိုင်ပါတယ်ဗျာ...။

၃။ TuneUp Disk Space Explorer
Window system မှာပါတဲ့ disk clean up နဲ့ အတူတူပါပဲ အဲ ပိုမိုကောင်းမွန် တဲ့ အချက်ကတော့ File type အမျိုးအစားလိုက် ခွဲခြားပြီးတော့ Number,Size,Percent တို့နဲ့ ဖော်ပြပေးခြင်းပါပဲ...။

Category- Maintain windows
၁။ Tuneup ကို Run ပြီးတာ နဲ့ အလွယ်တစ်ကူ အသုံးပြု လို့ ရအောင် ပေးထားတဲ့ module လေးပါ...လူတိုင်းသိပြီးသား ဖြစ်မှာပါ...။ systems ကို cleans လုပ်ပေးခြင်း၊ စီရီပေးခြင်း( defragements) တို့လုပ်ဆောင်ပါတယ် ...defragement လုပ်ဆောင်ပေးခြင်း ကတော့ 08 မှစတင်ပါရှိလာတာ ဖြစ်ပါတယ်...။

၂။ TuneUp Registry Cleaner
အသုံးမ၀င်၊ မှားယွင်း ဒါမှမဟုတ် update မဖြစ်တော့တဲ့ entries , refrences တွေကို Remove လုပ်ဆောင် ပေးနိုင်ပါတယ်...။

Category- Solve problems
၁။ TuneUp Disk Doctor
တော်တော် အသုံးဝင်တဲ့ module လေးပါ Drives မှာရှိတဲ့ errors တွေကို ရှာဖွေပေးခြင်း၊ မှန်ကန်အောင်
ပြု ပြင် ပေးခြင်း တို့လုပ်ဆောင်ပါတယ် ကျွန်တော် ကွန်ပျုတာ စတင် အသုံးပြူခါစက ကွန်ပျူတာ ကို ဟိုကလိ ဒီကလိ လုပ်လိုက်တာ Harddisk E ကို ဖွင့်လိုက်တာနဲ့ shutdown ဖြစ်ဖြစ်သွားတာ Virus စစ်ကြည့်တော့ လဲမတွေ့ဘူးဗျ အဲဒါနဲ့ ဒီ module လေးနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ် ဗျာ ( ဒီ doctor က ခြေကြွခမပေးရပေလို့ပဲ …:P)

၂။Tuneup Repair Wizard
Window, display မှာ အများဆုံးဖြစ် တတ်တဲ့ problems တွေကို ဖြေရှင်းပေးနိုင်ပါတယ် Wizard ကို Run ပြီး တဲ့ အခါ Select the problems that occur with you လိုမေးထား ပါတယ် ကိုယ်ဖြစ်နေတဲ့ problems အပိုင်းလေးတွေကို check ပေးပြီး Next ပေးလိုက်ယုံပါပဲ...။

၃။ TuneUp Undelete
တကယ်ကို အသုံးဝင်တဲ့ module လေးပါပဲ shit+Delete နဲ့ ဖျက်လိုက်မိလို့ Recycle Bin ထဲကနေ လဲ ပြန်ခေါ်လို့မရ ဖြစ်နေတဲ့ အချိန်မျိုးမှာ ဒါလေးက လွယ်ကူမြန်ဆန်စွာ နဲ့ recovers လုပ်ပေးနိုင်ပါတယ်..

Category- Customize Windows
၁။ TuneUp System Control
ဒီမှာကတော့ windows, programs ,internet settings တွေ Appearance, Start menu , taskbar စတာတွေကို ပြုပြင် ပြောင်းလဲပေးနိုင်ပါတယ် တော်တော် လေးစုံလင်တာကို တွေ့ရပါတယ်...။ မိမိကွန်ပျုတာကို Network မှာ ဖျောက်ထားနိုင်တဲ့ Security လိုဟာမျိုးကစပြီး Mouse, keyboard စတဲ့ Input Optionsတွေအဆုံး ဒီနေရာလေးမှာ ပဲ ကြိုက်သလို ပြုပြင်ပြောင်းလဲ နိုင်ပါတယ်...။

၂။ TuneUp Styler
ဒီ module လေးကတော့ Boot screen, Logon Screen, Visual Style Icon size စာတာတွေကို လွယ်ကူစွာပြောင်းလဲ ပေးနိုင်ပါတယ်...။

Category- Additional tools
၁။TuneUp Processor Manager
လက်ရှိ မိမိစက်မှာ run ထားတဲ့ programs တွေကို manage ပြုလုပ်နိုင်ပါတယ် Task manager နဲ့ သဘောတရားခြင်းအတူတူ ပါပဲ...။

၂။TuneUp Registry Editor
ဒီ Editor လေးက တော့ registry ကို ပြောင်းလဲ တာတွေ Enable, disblae လုပ်တာတွေ ကို ကူညီပါလိမ်မယ် Run command ကနေ regedit လို့ ခေါ်ပြီး သုံးတာနဲ့ အတူတူပါပဲ...။

၃။Tuneup Shredder
ဒီ tool လေးကလဲ တော်တော်အ သုံးဝင်ပါတယ် Software တစ်ခုကို uninstall လုပ်လို့မရ C ထဲမှာ သွားဖျက်လို့လဲ မရ ဖြစ်နေတဲ့ အခါမျိုးတွေ မှာ အလွယ်တစ်ကူ ဖျက်နိုင် ပါတယ် Kesper တင်ပြီး ပြန် ဖြုတ်လို့ မရ ၊ ဖျက်လို့မရ ဖြစ်နေတဲ့ မိတ်ဆွေ သူငယ်ချင်းများ . ဒါလေးကိုသာ အသုံးပြု ကြည့်လိုက်ပါ အိုကေ စိုပြေသွားမှာပါ သတိပြုစေလိုတာကတော့ ဒါနဲ့ ဖျက်ထားတာကိုတော့ ဘယ်လိုမှ ပြန်ခေါ်လို့ မရပါဘူးဗျာ...။

၎။ TuneUp System Information
မိမိကွန်ပျူတာ မှာ တပ်ဆင်ထားတဲ့ Drives, Devices,Performance, Communciation စတဲ့ အကြောင်း အရာတွေကို တွေ့မြင်နိုင်တဲ့ နေရာလေးပါ...။

၅။TuneUp Uninstall Manager
Add or Remove program ထက် ပိုမိုကောင်းမွန်ပါတယ် Add or Remove မှာ လို programs ၂ခု ၃ ခု လောက် uninstall လုပ်လိုက်ရင် ရွေ့ မရ ပြုမရနဲ့ ကြောင်စီစီ ဖြစ်သွားတာ မျိုးမရှိပါဘူး Uninstall လုပ်ပြီးပေမဲ့ entry ကျန်ခဲ့တာ မျိုးကိုလဲ တစ်ခါထဲ remove လုပ်နိုင်ပါတယ်……..။

0 comments:

Post a Comment