Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

Internet Explorer 9 ကို update လုပ်လိုက်လို့..........။

မင်္ဂလာပါ သူငယ်ချင်းများရေ ပိုစ့်မတင်တာလည်း တော်တော် ကြာသွားပြီဗျာ...။ ဒီတစ်ခါတော့ သူငယ်ချင်း တစ်ယောက်က လှမ်းမေးလို့ ပြောပြလိုက်ရင်းနဲ့ ပိုစ့်တင်ဖြစ်သွားတာပါ။ ဖြစ်ပုံက ဒီလိုဗျ......သူက အရင် IE ကို update လုပ်လိုက်တယ်တဲ့။ ပြီးတော့ gtalk မှာ လေးထောင့် တုံးလေးတွေပဲပေါ်နေတယ်တဲ့ လုပ်ပါအုံးဆိုလို့ပါ...။  အဲဒါကြောင့် သူငယ်ချင်းတို့လည်း အဲ့လိုမျိုး ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင် ဒီလိုလုပ်လိုက်ပါ ....


၁။ အ၇င်ဆုံး G-talk မှာ၇ှိတဲ့ Setting ဆိုတာကိုနှိပ်လိုက်ပါ..။  အဲ့လိုနှိပ်လိုက်ရင် Setting Box လေးကျလာပါလိမ့်မယ်...။ အဲ့ဒီ့ box ထဲမှာ ညာဘက်အကွက်ထဲမှာ General ဆိုတာရှိတယ်...။ အဲဒါကိုရွေးလိုက်ပါ...။ ပြီးရင် Change Font ကိုနှိပ်လိုက်ပါ...။ Font မှာ Zawgyi-one မပြောင်း၇သေး၇င်ပြောင်းလိုက်ပါ...။ ယူနီကဒ် သုံးရင်လည်း ယူနီကုဒ် ဖောင့်ပြောင်းလိုက်ပါ.....။ ပြီးရင် ok နှိပ်ပြီး အဲ့ဒီ့ box မှ ထွက်လိုက်ပါ.....။

၂။ G-talk မှာ ပြောင်းပြီးပြီ ဆိုတော့  Internet Explorer ကိုဖွင့်လိုက်ပါ...။  Setting ကိုသွားပါ...။ ညာဘက်  ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ၇ပါလိမ့်မယ်...။ အဲ့ဒီကနေ  Internet options ကိုနှိပ်လိုက်ပါ...။ ပြီးရင် Gengral မှာ ရှိတဲ့  font ဆိုတာကို နှိပ်ပြီး Zawgyi-one ကိုရွေးပေးပါ...။ ပြီးရင်တော့ IE ကို Restart လုပ်လိုက်ပါ.........အဲဒါဆိုရင် အဆင်ပြေပါပြီ......... အားလုံးပဲ အဆင်ပြေပါစေဗျာ.....

0 comments:

Post a Comment