Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

ကွန်ပြုတာကို timmer ပေးပြီး shutdown လုပ်ခြင်း။

သူငယ်ချင်းတို့ရေ တစ်ရက်ပေါ့ ကျွန်တော့် သူဌေးမက သူ သီချင်းတွေ download လုပ်ထားခဲ့တယ်။ နင်တို့ ပြန်ရင် စက်ကို မပိတ်ခဲ့နဲ့တဲ့။ သူဘယ်အချိန်လာပိတ်လဲတော့ မသိဘူး။ ဒါပေမယ့် ဖြစ်နိုင်တာတော့ တစ်ညလုံး ကွန်ပြုတာကို ဖွင့်ထားပုံရပါတယ်။ အဲ့ဒီ့လို မဖြစ်ရအောင်  timmer ပေးပြီး shutdown လုပ်မှာပေါ့။ downloadလုပ်ရင် ပုံမှန်အားဖြင့် ဘယ်လောက်လောက်ကြာမယ်ဆိုတော့ အချိန်ပေးထားတာပဲလေ။ အဲ့ဒီ့တော့ အဲ့ဒီ့အချိန်ထက်နည်းနည်းပိုပေးပြီး shutdown လုပ်လိုက်ရင် စက်ကိုတစ်ညလုံးဖွင့်စရာမလိုတော့ ဘူးပေါ့။   သူငယ်ချင်းတို့လည်း download လုပ်နေတုန်း သွားစရာရှိလို့ပဲ ဖြစ်ဖြစ်။ အကြောင်းတစ်ခုခုကြောင့် အပြင်သွားရတော့မယ်ဆို timmer ပေးထားခဲ့ လိုက်ပေါ့ဗျာ.....အဲ့ဒီ့နည်းလေးက ဒီလိုပါဗျာ.....။

(win + R) Run >>> shutdown -s -t xxxxx
(xxxxx) နေရာမှာ အချိန်ထည့်ရမှာပါ...။ မိမိထည့်ချင်တဲ့ အချိန်ကို ၆၀ နဲ့ မြှောက်ရပါ့မယ့်...။
ဥပမာ ၁နာရီဆိုရင် မိနစ်၆၀ ရှိတဲ့အတွက် ။ 60 x60 = 3600 ပေါ့။ ဒီလိုဖြစ်သွားမှာပေါ့...။        (shutdown -s -t 3600  ) အဲ့ဒါဆို ok ကို နှိပ်လိုက်ပါ။ 
XP မှဆိုရင် ဒီလိုပေါ်ပါတယ်။
window 7 မှာတော့ သော့ပုံလေးနဲ့
''You are about to be logged off
Windows will shut down in 60 minutes''
ဒီလို message box ပေါ်ပါတယ်။ တကယ်လို့ timmer ပေးထားတာ ပြန်ဖျက်ချင်တယ်ဆိုရင်
(win + R) Run >>> shutdown -a 
Run box မှာ အပေါ်က စာကြောင်းလေးကို ရိုက်လိုက်ပါ။ xp မှာတော့ message box  အော်တို   ပျောက်သွားပါတယ်။
window 7 မှာတော့  သော့ ပုံလေး နဲ့ ဒီလို စာလေး ပေါ်လာမှာပါ  (logoff is cancelled)
အားလုံးပဲ အဆင်ပြေကြပါစေဗျာ..........

0 comments:

Post a Comment