Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

HTML Lesson များ လေ့လာရန်...။

HTML ကို လေ့လာချင်သော သူငယ်ချင်း အပေါင်းတို့ ခင်ဗျာ...
အခု ဒီနေရာလေးမှာ သွားရောက်လေ့လာနိုင်ကြောင်း...ပါ ခင်ဗျာ...။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Database Mirroring with SQL server 2005” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးဇော်မိုးသန့် (ACE Data Systems) မှ ဒီဇင်ဘာလ (၁၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Database Mirroring with SQL server 2005 ” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ ယနေ့ Business Applications များတွင် တွင်ကျယ် စွာအသုံးပြုနေကြသော SQL Server 2005 အားအသုံးပြု၍ High Availability Solution တစ်ခုဖြစ်သော Database Mirroring အားစမ်းသပ်မည်ဖြစ်ပါသည်။ Database Applications များရေးသားခြင်းကို လေ့လာနေသူများ၊ Database Administrator များအနေဖြင့် လက်တွေ့စမ်းသပ်သင့်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Source : MCPA

Online Dhamma TV

တရားချစ်ခင် သူတော်စင်များအတွက် Online Dhamma tv ဆိုဒ်လေးပါ...
ဒီနေရာမှာwww.dhamma.tvသွားရောက် တရားနာနိုင်
ပါတယ်ခင်ဗျာ.....
အားလုံး...အေးချမ်းသာယာရှိပါစေ.....

မိမိ Blog ကို Back Up လုပ်ခြင်း...။

(1)TEMPLATE BACK UP
LAYOUT >>> EDIT HTML ကိုသွား၍
မိမိတန်းပလိတ်လေးကို DOWNLOAD,UPLOAD လုပ်၍
TEMPLATE BACK UP ပြုလုပ်နိုင်သည်။

(2)BLOG BACK UP
SETTING >>> BASIC ကိုသွား၍
မိမိဘလော့လေးကို IMPORT,EXPORT လုပ်၍
BLOG BACK UP ပြုလုပ်နိုင်သည်။

source : ချယ်ရီမြို့တော်

မိမိ Blog စာမျက်နှာအပေါ်ဆုံးမှ NAVBAR ကိုဖျောက်ခြင်း...။

မိမိBlogစာမျက်နှာရဲ့အပေါ်ဆုံးမှာရှိတဲ့ NAVBAR ကိုဖျောက်ဖို့အတွက် LAYOUT >>> EDIT HTML ထဲက VARIABLE DEFINITIONS ကို ရှာပါ ပြီးရင် သူ့ အပေါ်မှာ အောက်ပါကုတ်ကို ကူးထည့်ပေးလိုက်ပါ။

Notepad နဲ့ Folder တွေ lock ချမယ်...။

Folder တွေကို Lock ချတဲ့ နည်းတွေအများကြီးရှိပါတယ်...။ တစ်ချို့တွေလည်း software သုံးတယ်...။
အခု နည်းလမ်းလေးကတော့ Notepad နဲ့ Lock ချတဲ့နည်းလေးပါ...။ ကဲ စရအောင်...အောက်မှာ ပြထားတဲ့ coad
တွေကို Notepad မှာ copy ကူးပြီ ထည့်လိုက်ပါ...။

Recent Filesကို Auto Clearလုပ်နည်း...။

သင်ဟာ အများသုံးတဲ့ ကွန်ပျူတာတွေကို(ဆိုင်မှာ)သုံးခဲ့ရင် မိမိဖွင့်ခဲ့တဲ့ folder တွေ fileတွေ ကို တခြားသူတွေ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Recent file တွေကို ရှင်းပစ်ဖို့လိုအပ်ပါတယ်...။ စက်မပိတ်ခင်မှာ Run >> Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမှာ ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လဲ ရပါတယ်။ ဒါပေမဲ့ အမြဲ အဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ဘူး။ ဒီထပ်ဆိုးတာ အဲ့ဒီ Recent Documents တွေကို မဖျတ်ဘဲ ထားတာကြာလာရင် စက် handing ဖြစ်လာသလို Virus တွေ ခိုအောင်းတဲ့နေရာလည် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ရှင်းသင့်ပါတယ်။ ဒါကြောင့် မိမိလဲ ရှင်းရတာသက်သာအောင် မိမိ မေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။