Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

USB Drive ကို စိတ်ချရအောင် ဒီလိုလုပ်

သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင်.....

အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။
ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။

ဒီပရိုဂရမ်လေးကို သုံးဖို့
ဒီမှာ ကို downloadဆွဲလိုက်ပါ
download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။
install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။
USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။

Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။
ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။
ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။
ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။
ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။
တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။ post by SBSangpi

G-talk များများဖွင့်ပြီး ချက်မယ် ဆိုရင်

Desktop ပေါ်က G-Talk icon ကို R-click---> Properties Target(location of file)ဆိုတဲ့နေရာမှာအခုလိုတွေ့ရမှာပါ။ "C:\Program Files\Google\Google Talk\googletalk.exe" /startmenu အဲ့ဒီ့ရဲ့နောက်ဆုံး startmenu နေရာမှာ /nomutex လို့ ပြောင်းရိုက်လိုက်ပါ။ ပြီးရင် Apple ---> OK ပေါ့။ တကယ်လို့ Desktop ပေါ်မှာ icon မရှိဘူးဆိုရင် start--->programs ကနေပြီး R-Click---> Properties.ကနေလဲ ရပါတယ်ဗျာ။ ကဲ...စမ်းကြည့်လိုက်ပါအုံးဗျာ

သင့်ရဲ့ computer မှာ Hidden လုပ်ထားတဲ့ ဖိုင်များ ပြန်ဖော်ခြင်း

သင့်ရဲ့ computer မှာ Hidden လုပ်ထားတဲ့ ဖိုင်များ ပြန်ဖော်ခြင်း
(၁) RUN BOX ---> CMD ကိုခေါ်ပါ။

(၂) HIDDEN ဖိုင်လမ်းကြောင်းဆီသို့ရောက်အောင်သွားပါ။

(၃) dir/ah ဟုရိုက်လိုက်ပါ။ ချယ်ရီမြို့တော်မှ

မိမိ computer တွင် USB အသုံးပြုခွင့် ပြုမှာလား

မိမိ computer မှာ USB အသုံးပြုခွင် ပိတ်ထားချင်ရင်တော့
(၁) RUN ---> REGEDIT
(၂) HKEY_LOCAL_MACHINE ---> SYSTEM --->CURRENT CONTROL SET>>>CONTROL ကိုရောက်အောင်သွားပါ။
(၃) RIGHT CLICK ---> NEW ---> KEY ပြုလုပ်ပါ။
(၄) KEY NAME ကို StorageDevicePolicies ဟုပေးပါ။
(၅) USB အသုံးပြုခွင့်ပိတ်လိုလျှင် KEY VALUE ကို 1 ဟုရိုက်ပါ။ တကယ်လို့ အသုံးပြုခွင့်ပေးလိုလျှင် 0 ဟုရိုက်ပါ။ Source - ချယ်ရီမြို့တော် မှ

Windows XP မှာ Start နဲ့ Shutdown မြန်အောင်လုပ်ခြင်း။

ပထမဆုံးအနေနဲ့ Start ကို အရင်စလုပ်ရအောင်ဗျာ။
ကဲ... Run Box မှာ regedit ---> OK ။ Register Editor Box ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီ့မှာ
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတဲ့ အဆင့်ကိုရောက်ရင် ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုရှာလိုက်ပါ R-click -> Modify -> Value data မှာ 3 လို့တွေ့တဲ့နေရာမှာ 5 လို့ပြောင်းပေးလိုက်ရင် ok ပါပြီ။
နောက်တစ်ခုအနေနဲ့ Shutdown မြန်အောင်လုပ်နည်းလေးဗျာ။
ကဲ... Run Box မှာ regedit ---> OK ။
HKEY_CURRENT_USER>> Control Panel >> Desktop ဆိုတဲ့ အဆင့်ကိုရောက်ရင် သူ့ဘေးက Box မှာ AutoEndTask ဆိုတဲ့ ပေါ်မှာ R-Click ->Modify->Value Data မှာ 0 နေရာမှာ 1 လို့ပြောင်းလိုက်ပါ။ နောက်ပြီး အဲ့ဒီ့အောက်မှာပဲ HungAppTimeout နဲ့ WaitToKillAppTimeout ဆက်ရှာလိုက်ပါ။ အဲ့ဒီ့မှာလဲ modify မှာ 5000 နေရာမှာ 2500 မှ 1000 အထိစမ်းပြီးသုံးနိုင်ပါတယ်။ အရမ်းမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ဗျာ။
ပြီးရင်တော့ restart ချလိုက်ပါဗျာ...။ကဲ...စမ်းကြည့်ရအောင်ဗျာ။

မိမိသုံးနေတဲ့ အင်တာနက် ကို အနည်းငယ် မြန်အောင်လုပ်ခြင်း

အရင်ဆုံး Run box မှာ gpedit.msc ကိုရိုက်လိုက်ပါ။ နောက် ok ကို click လိုက်ပါ။ အဲ့ဒီနောက် ပေါ်လာတဲ့ box ရဲ့ ဘယ်ဘက်မှာ Computer Configuration ကို Expand လုပ်ရပါ့မယ်။ နောက်ထပ်လည်း Administrative Templates ကို Expand လုပ်ပေးရပါ့မယ်။ နောက်တစ်ဆင့်အနေနဲ့ Network ကို Expand လုပ်ပြီးရင် Qos Packet Scheduler ကို ရွေးပေးပါ။ အဲ့ဒီ့နောက်တော့ box ရဲ့ ညာဘက်ခြမ်းမှာ Limit Reservable Bandwidth ဆိုတဲ့ စာကြောင်းကို D-Click နှိပ်ပါ။ Limit Reservable Bandwidth Properties box မှာတော့ Enable option ကိုရွေးပါ။ Bandwidth Limit [%] box မှာတော့ 0% နေရာမှာ 20 % ပြောင်းပြီး ok နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် အရင်ထက် ပိုမြန်လာတာတွေ့ရပါလိမ့်မယ်..။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ

Folder Options ကို ပြန်ဖော်ခြင်း

Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုလေး ပြန်လုပ်ကြည့်ရအောင်အရင်ဆုံး Run box မှာ gpedit.msc ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒီ့ ပေါ်လာတဲ့ box ထဲမှာမှ
User Configuration ---> Administrative Template ---> Windows Components ---> Windows Explorerဆီသို့ တစ်ဆင့်ပြီးဆင့်သွားရပါ့မယ့်။ အဲ့ နောက်တော့ ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး D-cLick လိုက်ပါ။ ထပ်ပေါ်လာတဲ့ box ထဲက Disable ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ရပါလိမ့်မယ်။ကဲ စမ်းကြည့်ကြရအောင် ဗျာ