Desktop ပေါ်ရှိ Function များကိုပြုပြင်မယ်
Items [ Value Name ] [ Data Type ] [ Value ] [ Path ]
NoR-Click [ NoViewContextMenu ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
(Desktop ပေါ်မှာ R-Click နှိပ်လို့မရအောင်လုပ်ထားတာ) TooTip [ ShowInfoTip ] [ DWORD ] [ 1 ] [ 1>P\Advanced ]
(ကျွန်တော်တို့ ဖိုင်တစ်ခုကိုထောက်လိုက်ရင် အမျိုးအစား၊ ရက်စွဲနဲ့ ဆိုဒ်တွေကို ပြသတဲ့ခပ်မှိန်မှိန် ဘောက်ကလေးကို ဖျောက်ချင်ရင်) (သူက Default 1ဗျ၊ လမ်းဆုံးမှာလည်း နည်းနည်းကွာမယ်)
-ဒီတစ်ခုကတော့ Desktop ရဲ့ Wall Paper ကို လိုချင်တဲ့နေရာမှာထားတဲ့နည်းပါ၊
Display Properties ထဲမှာတော့ Positon မှာ Stretch, Center, Tile
သုံးမျိုးပဲရှိပေမယ့် ညာဖက်မှာ Icon တွေနဲ့ရှုပ်နေလို့ ချစ်သူပုံ ကို့ဘယ်ဖက်မှာသာ မြင်လိုသူများအတွက်ပါ။
For –X Wallpaperoriginx SZ from 0 to 1000 HKCU\Control Panel\Desktop
(value ကို 0 ကနေ 1000 အတွင်းကြိုက်သလောက် ပေးနိုင်ပါတယ်။)
For –Y Wallpaperoriginy SZ from 0 to 800 HKCU\Control Panel\Desktop
(value ကို 0 ကနေ 800 အတွင်းကြိုက်သလောက် ပေးနိုင်ပါတယ်။)
စမ်းသပ်ဖို့ခက်နေရင် အစမှာ (400 x 300) ထားပြီး စမ်းသပ်ကြည့်ပါ။ ညာဖက်အောက်မှာ ပေါ်နေပါလိမ့်မယ်။
Blogger templates
Windows Registry အပိုင်း (၂)
Chapter (2) ပထမပိုင်း
Windows Registry ကို Manual ပြုပြင်ခြင်း
ဒီအခန်းကို မစတင်မှီမှာ ပထမဦးစွာ ပြုလုပ်ထားသင့်တာကတော့ Registry Backup လုပ်တာပါပဲ။ အထက်မှာဖော်ပြထားတဲ့နည်းနဲ့ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ် Registry ကို Backup လုပ်ဖြစ်အောင် လုပ်ထားလိုက်ပါ။ နောက်တစ်ခုက အတိုကောက်(short-cuts) တွေကို နားလည်အောင် မှတ်ထားသင့်ပါတယ်။SUB KEY SHORT-CUTS
HKEY_CURRENT_USER [- HKCU]HKEY_CLASSES_ROOT [- HKCR]
HKEY_CURRENT_CONFIG [- HKCC]
HKEY_USERS [- HKU]
HKEY_LOCAL_MACHINE [ - HKLM]
(Registry ကိုပြင်ဆင်တဲ့နေရာမှာ HKCU နဲ့ပြင်ရင် လက်ရှိအသုံးပြုနေသော User တစ်ယောက်သာလျှင် အကျိုးသက်ရောက်ပြီး HKLM နဲ့ပြင်ဆင်ခြင်းက User အားလုံးကို အကျိုးသက်ရောက်စေပါတယ်။)
Registry အကြောင်းသိကောင်းစရာ (၁)
Registry အကြောင်းသိကောင်းစရာ
Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို အားလုံးအသိပါ။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတာကိုလည်း ကြုံဖူးကြမှာပါ။
ရွှေတိဂုံစေတီတော်မြတ် ရောင်ခြည်တော် ကွန့်မြူး...။
၂ဝ၁၁ ခု၊ ဇန်နဝါရီ ၁ ရက်၊ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အကြားမှ ရောင်ခြည်တော် ကွန့်မြူးသည်ဆို သောကြောင့် ဘုရားဖူးများ အလုအယက် စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်၏ အဦးအစဖြစ်သော အဆိုပါနေ့ တွင် ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးအများအပြား လာရောက်ကုသိုလ်ယူခဲ့ကြသည်။ ယင်း ည ၇ နာရီ မိနစ် ၃ဝ ဝန်းကျင်ခန့်တွင် စေတီတော်ကြီး ၏ အရှေ့မြောက်ထောင့်တွင် ကုသိုလ်ပြုနေကြသော ဘုရားဖူးအချို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကြားတွင် အဖြူရောင်အလင်းတစ်ခု တ ဖျပ်ဖျပ်လင်းနေသည်ကို မြင်တွေ့ဖူးမြင်ကြရာမှ ဘုရားဖူးများ တိုးဝှေ့ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ ”ရောင်ခြည်တော် လွှတ်တယ်ဆိုလို့ ကျွန်မတို့ လည်း အပြေးအလွှား လာဖူးတာ။ စိန်ဖူးတော် အောက်အခြေမှာ အဖြူရောင် အလင်းတစ်ခု တစ်ချက်တစ်ချက် လက်ကနဲဖြစ်ဖြစ်နေတာတော့ တွေ့ပါ တယ်။ ရောင်ခြည်တော် ဟုတ်မဟုတ်တော့မသိပါဘူး” ဟု ရန်ကင်းမြို့နယ်မှ ဘုရားဖူးလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ”ဒီထောင့်မှာ လူတွေ အုံခဲနေတာနဲ့ ကျွန်တော်လည်း လာဖူးတာ။ အရင်က ဒီလို သေသေချာချာ စောင့်မကြည့်ဖူးတော့ ဒီအလင်းက ဟိုတုန်းကတည်းက ပွင့်နေတာလား၊ ခု မှလား မပြောနိုင်ဘူး။ ပြီးတော့ အပေါ်မှာ လှူထားကြတဲ့ ကျောက်မျက်ရတနာတွေလည်းရှိနေတော့ စိန်လိုရတနာမျိုးရဲ့ အလင်းလား။ ဟုတ်မဟုတ် ကို မဝေဖန်ရဲပါဘူး” ဟု ယင်းည၌ လာရောက် ပူဇော်နေသော ဝတ်အသင်းတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးကလည်း ဆိုသည်။ ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓ ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုလက်ရာများအပြင် ထူးခြားမှုများစွာဖြင့် ကမ္ဘာ့အံ့ဖွယ်နေရာ တစ်ခုအဖြစ် နိုင်ငံခြား သားခရီးသွားဧည့်သည်များ အမြဲမပြတ် လာရောက်လေ့လာကြကြောင်း သိရသည်။ အဆိုပါသတင်းကြောင့် ယင်း ည ၉ နာရီ ခန့်အထိ စေတီတော်ကြီး အရှေ့မြောက်ထောင့်တွင် ဘုရားဖူးအများအပြား စောင့်ကြည့်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
http://popularmyanmar.com
http://popularmyanmar.com
NTLDR is Missing
NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင် ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။ ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည်လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး NTLDR ပျောက်သွားပါက Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်တဲ့အချိန်မှာ-
NTLDR is missing
Press any key to Restart
အင်တာနက်စုစည်းမှု သီချင်းခွေအတွင်းမှ ဗိုင်းရပ်စ်အကြောင်း
ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့ အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင် ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက် လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။
အဲဒီ Batch file ကို အခွေထည့်လိုက်ရင် Autorun အောင်စေရန် Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ အခွေကို My Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့ ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။
အဲဒီ Batch file ကို အခွေထည့်လိုက်ရင် Autorun အောင်စေရန် Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ အခွေကို My Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့ ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။
The system administrator has set policies to prevent this installation
Windows XP အတွင်းသို့ Kasper's Anti-Virus Install ပြုလုပ်ခြင်း၊ Updates ပြုလုပ်ခြင်း နှင့် အခြားသော Program များကို install ပြုလုပ်ရန် ကြိုးစားစဉ် Windows က လက်မခံပဲ ခေါင်းစဉ်ပါစာသားအတိုင်း Error message box တစ်ခု တက်လာခြင်း ဖြစ်သည်။ အကယ်၍ Windows XP group policy ရဲ့ system တွင် ပိတ်ထားပါက ဖြစ်နိုင်ပါသည်။ ထို့ပြင် ကွန်ပျူတာအတွင်းရှိ viruses, spy wares များအား ရှင်းလင်းရန် ကြိုးစားစဉ် ယင်းကဲ့သို့ အယောင်ဆောင် alert များလည်း ပေးတတ်နိုင်လေသည်။ မိမိစက်တွင် ထိုကဲ့သို့ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ပါက အောက်ပါအတိုင်း ပြင်ဆင်နိုင်ပါသည်။
(1) Start Menu မှ Run ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(2) Run Box ထဲတွင် gpedit.msc ဟု ရိုက်ထည့်ပေးပါ။
(3) Group Policy dialog box ပေါ်လာပါမည်။ Group Policy ရဲ့ Local Computer Policy ရဲ့ အောက်ဖက် ရှိ Computer Configuration အတွင်းမှ Administrative Templates ကို ရွေးချယ်ပါ။
(4) ထို့နောက် ၎င်း Administrative Templates ရဲ့ အောက်ဖက်ရှိ Windows Components အတွင်းရှိ Windows Installer ပေါ်တွင် အဆင့်ဆင့် ရွေးချယ် click နှိပ်ပေးပါ။
(5) ထိုအခါ Group Policy ရဲ့ ညာဖက်ခြမ်းရှိ Setting အကွက်ထဲတွင် Disable Windows Installer ပေါ်တွင် Double Click နှိပ်ပေးပြီး Not Configured ကို select လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။ အဆင်ပြေပါစေဗျာ.....
source : kokyawmyintoo
(1) Start Menu မှ Run ကို ရွေးချယ် Click နှိပ်လိုက်ပါ။
(2) Run Box ထဲတွင် gpedit.msc ဟု ရိုက်ထည့်ပေးပါ။
(3) Group Policy dialog box ပေါ်လာပါမည်။ Group Policy ရဲ့ Local Computer Policy ရဲ့ အောက်ဖက် ရှိ Computer Configuration အတွင်းမှ Administrative Templates ကို ရွေးချယ်ပါ။
(4) ထို့နောက် ၎င်း Administrative Templates ရဲ့ အောက်ဖက်ရှိ Windows Components အတွင်းရှိ Windows Installer ပေါ်တွင် အဆင့်ဆင့် ရွေးချယ် click နှိပ်ပေးပါ။
(5) ထိုအခါ Group Policy ရဲ့ ညာဖက်ခြမ်းရှိ Setting အကွက်ထဲတွင် Disable Windows Installer ပေါ်တွင် Double Click နှိပ်ပေးပြီး Not Configured ကို select လုပ်ပေးပြီး OK နှင့် ပြန်ထွက်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။ အဆင်ပြေပါစေဗျာ.....
source : kokyawmyintoo
Subscribe to:
Posts (Atom)