Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

နှုတ်ချိုသျှိုတစ်ပါး......။

နားဝင်ချိုတဲ့စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြောတတ်ကြဘူး။ 
ကျွန်မဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုစကား တွေကို မျှဝေ လိုက်ပါတယ်။

၁)
သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။

၂)
တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကို ယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။

၃)
လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။

၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။

၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။

တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။ http://www.99sanay.com
original post: http://www.youthwant.com.tw

ပြည်တွင်းက ချက်(chat) မယ်ဆိုရင် .........။

ပြည်တွင်း စိတ်ဆင်းရဲနေရတဲ့ ဘော်ဒါတွေ အတွက် ကျွန်တော်အောက်မှာပေးထားတဲ့ လင့်လေးတွေကို အသုံပြုပြီး MSN , Skype , Yahoo! , Google Talk ,  Facebook စတဲ့ ချက်တင် ဆိုက်တွေကို ပေါ့ပါးစွား အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ သူငယ်ချင်းတွေ ဆီက ရတာလေးကို ပြန်မျှတဲ့ သဘောပါ။  စမ်းသပ် အသုံးပြုကြပါအုံးဗျ။ မသိသေးတဲ့ သူတွေအတွက်တော့ မိုက်တာပေါ့နော်။ ကျွန်တော်ကတော့ အသုံးမပြုဖူးပါဘူး။ ဒီဆိုက်တွေကို အသုံးပြုတဲ့အတွက် မိမိရဲ့မေးလ် လုံခြုံမှုရှိမယ် မရှိဘူးဆိုတာတော့ ............. :lol 

http://www.koolim.com   ,    https://imo.im   ,   http://www.meebo.com , http://www.livego.com/  , http://karoolark.com/

အစစအရာရာ အဆင်ပြေကြပါစေဗျာ။ ကွန်နရှင် ကွန်နရှင် နဲ့ အော်နေရတဲ့ ဒုက္ခမှလည်း ကင်းဝေးနိုင်ကြပါစေ.............  :lol

PDF to OFFICE

Wondershare PDF Converter 2.6.2 Portable
--------------------------------------------------


Portable PDF Converter လေးတစ်ခုပါ။ Full Version အတွက်ကတော့ ဖိုဒါလေးကို ဖြည်လိုက်ရင် အထဲမှာ read.txt လေးမှာ ထဲ့ပေးထားပါတယ်။ PDF ကနေပြီးတော့ Word, Excel, PowerPoint, EPUB, HTML နဲ့ Text စတာတွေကို ပြောင်းပေးနိုင်ပါတယ်။ မြန်မာဖောင့်တွေအတွက်တော့ အခက်အခဲ ရှိပါတယ်။ လင့်တွေလည်းအများကြီးပေးထားတော့အဆင်ပြေစွာ ဒေါင်းလော့လုပ်နိုင်မှာပါ။ သုံးရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ Full Version အတွက် စာတွေက read.txt ထဲက ပုံစံတစ်မျိုးဖြစ်နေပါလိမ့်မယ် အဲ့ဒီ့အတိုင်း ပဲထဲ့လိုက်ပါ။  အားလုံး အဆင်ပြေပါစေဗျာ။ .......................

- ဒေါင်းလော့လုပ်ရန် - 
http://mir.cr/15VG525G

ရာဇ၀င်များရဲ့ သတိုးသမီး......။

ပါရမီရှင် ထူးအိမ်သင်ရဲ့  လက်ရာကောင်း တေးသီချင်းလေး တစ်ပုဒ်ပါ။ ဧရာဝတီကိုချစ်တဲ့သူကြီး ထူးအိမ်သင်က သဘာဝကို အရှိအတိုင်းခံစားထားတဲ့ သီချင်းလေး။ နောက်ဆို ဧရာဝတီကြီး ရှိပါ့တော့မလား။ သူ့ကိုမှီခိုအားထားနေတဲ့ လူပေါင်းများစွာ ဘာတွေ ဖြစ်ကုန်မလဲ။ မေးခွန်းပေါင်းများစွာနဲ့ အဖြေရှာဖို့ ဥာဏ်မမှီခဲ့ပါဘူးလေ။



::::: တေးရေး ::::: တေးဆို :::::ထူးအိမ်သင်:::::

CleanThis Virus ကို ဖယ်ရှားရန်.....။

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။

Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။

FaceBook Virus ကိုဖယ်ရှားရန်.....။

ဒီနေ့  Face Book ကနေ အောက်က အတိုင်းသူ့ ဘာသာ စာတက်လာပါတယ်။ မင်းရီချင်သလား ? ဆိုပြီင်္းစာရိုက်လိုက်ရင် လင့်တစ်ခု တက်လာပါမယ်။ အဲ့လင့်ကနေ You Tube Video ကိုကြည့်ခိုင်းပါလိမ့် မယ်။ ဒါဆိုရင် Face Book ဗိုင်းရပ်က သင့်ဆီ ဝင်တာနဲ့  သင့်ဆီကနေ တခြားသူငယ်ချင်းတွေကို ပါ လိုက်ကူးစက်တော့ မှာဖြစ်ပါတယ်။ ဒီကောင့်ကို သတ်ဖို့ အတွက် အောက်ပါ အတိုင်းလုပ်ဆောင်ပါ။

ဒီဇိုင်းပညာရပ်များကို ပြန်လည်မျှဝေနိုင်မည့် မြန်မာဒီဇိုင်နာဝေါလ်အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင်.....။

ဒီဇိုင်း ပညာရပ် များကို ပြန်လည် မျှဝေ နိုင်မည့် မြန်မာ ဒီဇိုင်နာဝေါလ် အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို လွှင့်တင် ခဲ့သည့် Media Lane ဝက်ဘ်ဆိုက် ဒီဇိုင်းများ ရေးဆွဲလျက် ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ခဲ့သည်။ အဆိုပါ ဝက်ဆိုက် လွှင့်တင်ခြင်းနှင့် ပတ်သက်ပြီး အထက်ပါ တာဝန် ရှိသူက ပြည်တွင်းတွင် ဒီဇိုင်းနှင့် ပတ်သက်သော ဒီဇိုင်း အခြေခံ Website မှာ လက်ညှိုး ထိုးလို့ ရနိုင်အောင်ပင် ရှားပါး နေပါတယ်။ ဒါကြောင့် ပြည်တွင်းက ပညာရှင် တွေပဲ ဖြစ်ဖြစ်၊ ဒီဇိုင်းကို စိတ်ဝင်စား နေတဲ့သူပဲ ဖြစ်ဖြစ် ဝင်ရောက် အသုံးပြု စေချင် တာကြောင့် အခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်။ အထက်ပါ ဝက်ဘ်ဆိုက်တွင် Design Tutorials များကို အဓိက အသားပေး ဖော်ပြနေတာ ဖြစ်ပြီး Graphic Design နှင့် ပတ်သက်သော ဒီဇိုင်းများ သာမက Web Design စိတ်ပါဝင်စား သူများ အတွက်လည်း Web Design Tutorials များကို ဖော်ပြ ပေးထားကြောင်း သိရသည်။ ထို့အပြင် Myanmar Designer Wall အတွင်း Design နှင့် ပတ်သက်သော အသိပညာ များကို အပြန် အလှန် Share လုပ်ပေး သွားနိုင်ပြီး အသုံးပြု ဝင်ရောက် ကြည့်ရှု သူများ အနေနဲ့လည်း မိမိ၏ ဒီဇိုင်းများ၊ ဒီဇိုင်းအမြင် များကို လွတ်လပ်စွာ မျှဝေသွား နိုင်ကြောင်းလည်း အထက်ပါ တာဝန် ရှိသူမှ ရှင်းပြ ခဲ့ပါသည်။ တည်ထောင် ချိန်မှာ မကြာမြင့်သေး တဲ့အတွက် လိုအပ်သော အကြံဥာဏ် များကိုလည်း ပေးသွား နိုင်ကြောင်းနှင့် လက်ရှိ Designer လောကတွင် အသုံးဝင် နိုင်သော ဒီဇိုင်း Tutorials များကို အလေးထား ဖော်ပြပေး နေကြောင်း၊ Web Designer ဘက်ကိုလည်း အလျဉ်း သင့်သည့် အခါတိုင်း ဖော်ပြပေး ကြောင်းလည်း သိရှိ ရသည်။ ဝင်ရောက် လေ့လာ လိုပါက www.myanmardesignerwall.com တွင် ဝင်ရောက် လေ့လာ နိုင်ကြောင်း သတင်း ရရှိပါသည်။