Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

မိမိ Blog Tamplate ကို ချဲ့ခြင်း...။

သူငယ်ချင်းအပေါင်းတို့ရေ..... Blogger.com က Default ပေးထားတဲ့ Page က နည်းနည်းကျဉ်းနေတယ်လို့ မထင်ဘူးလားဗျာ.....အဲ့ဒါကြောင့် နည်းနည်း ချဲ့လိုက်တော့ ပိုပြီးလည်းကြည့်ကောင်းသွားတာပေါ့နော့်..... ဟိုး အရင် တုန်းကတော့ HTML ထဲမှာ ၀င်ပြင်ကြရတယ်။ ခေါင်းတွေကို မူးနေတာပဲဗျာ။ ကျွန်တော်ကိုယ်တိုင်ကလည်း HTML အကြောင်း ဘာမှ မသိတော့ ကုန်လိုက်ရတဲ့ အချိန်တွေ ညဘက်ဆိုလဲ မအိပ်အားဘူး...။ အလုပ်လုပ်ရင်လည်း စိတ်မဖြောင့်ဘူး။ အခုနောက်ပိုင်းတော့ Blogger.com က setting အသစ်ပေးထားတယ်ဗျာ့...။ HTML နားမလည် သူတွေအတွက်တာ့
သတင်းကောင်းပေါ့...။ ပုံနဲ့တော့ မရှင်းပြတော့ဘူးဗျာ...။ စာနဲ့ပဲ နားလည်အောင် သေသေချာချာရှင်းပြပါ့မယ်...။
၁။ Blogger ရဲ့ Dashboard ကို ၀င်လိုက်ပါ...။



၂။ Design bottom ကို နှိပ်လိုက်ပါ...။ (* Page Elements * Edit HTML * Template Designer)
ဒီသုံးမျိုးကို မြင်ရမှာပါ...။ အဲ့ဒီ့ သုံးခုထဲက မှ
၃။ Template Designer နှိပ်ပါ...။ အဲ့ဒီ့ ထဲမှာ Templates, Background, Layout, Advanced ဆိုပြီးရှိပါတယ်။
အဲ့ဒီ့မှာ သင့် blog အတွက် နောက်ခံအရောင်ပြောင်းခြင်း၊ Post ခေါင်းစဉ်အရောင်ပြောင်းခြင်း၊ Template ချဲ့ခြင်း စသဖြင့်ပေါ့လေ.....အကုန်လုပ်လို့ရပါတယ်...။ သင်ကြိုက်တာ ပြောင်းပြီးသွားပြီဆိုရင်တော့ ညာဘက် အပေါ်ထောင့်မှာ
View blog ဆိုတာရှိတယ်လေ...။ အဲ့ဒါနဲ့ Preview ကြည့်နိုင်ပါတယ်...။ အားလုံး အဆင်ပြေသွားပြီဆိုရင်
Apply to Blog နှိပ်လိုက်ပါ...ကဲ...အဲ့ဒီ့လောက်ဆိုရင် သဘောပေါက်မယ်ထင်ပါတယ်။ ကဲ...စမ်းကြည့်လိုက်ပေါ့ဗျာ...။

0 comments:

Post a Comment