Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်ခြင်း။

Window XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။ XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်နည်းလေးပါ။ အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။ Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။ ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။


HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု
Shutdown မြန်အောင်လုပ်နည်းကတော့.....
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop အထိရောက်အောင်သွားရမှာပါ...။
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။
အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။

နောက်တစ်ဆင့်အနေနဲ့

၁။ Start \ Run တွင် regedit ဟုရိုက်၍ Ok ပေးရပါမည်။

၂။ HKEY_CURRENT_USER \ Control Panel \ Desktop အတိုင်းသွား၍ Desktop ကို Select လုပ၍ ညာဘက် Panel အတွင်းမှ MenuShowDelay ကို Right Click နှိပ်၍ Modify ကိုရွေးချယ်ပေးရပါမည်။

၃။ Value Data တွင် ၀ (သုည) ကိုပြောင်းလဲပေး၍ Ok ပေးရပါမည်။
အထက်ပါအဆင့်များပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။ Window တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။
ကဲ...စမ်းကြည့်လိုက်အုံးနော်.....။

0 comments:

Post a Comment