Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

သင့်ရဲ့Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...


သင့်ရဲ့ Blog ကို login လုပ်ပြီး Dashboard မှ Setting > Formatting ကိုရွေးပြီးပြီဆိုရင် Post Template ဆို
တာရှိပါတယ်။ စာမျက်နှာရဲ့အောက်ဆုံးမှာပါ။ Post Template Text Box ထဲမှာ အောက်ပါ code ကို ထည့်လိုက်ပါ

(font face="Zawgyi-One") ဒီစာကို Select ပေးပြီးရေးပါ...(/font)
တကယ်လို့ အဆင်မပြေသူများရှိခဲ့ရင် ဒီအောက်က code ကိုထည့်လိုက်ပါ။
(span style="font-family:Zawgyi-One;") ဒီစာကို Select ပေးပြီးရေးပါ...(/span)
မှတ်ချက် - ( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ...
နောက်တဆင့် အနေနဲ့
Post အသစ်တင်တဲ့နေရာမှာ Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ...
မှတ်ချက် - Zawgyi-One ဆိုသည့်နေရာတွင် မိမိသုံးမည့် Font နာမည်ထည့်ပါ...
source: ကိုမောင်လှ

0 comments:

Post a Comment