Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

သက်သတ်လွတ်နဲ့ ရသတဏှာ.....။

တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။

နှုတ်ချိုသျှိုတစ်ပါး......။

နားဝင်ချိုတဲ့စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြောတတ်ကြဘူး။ 
ကျွန်မဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုစကား တွေကို မျှဝေ လိုက်ပါတယ်။

၁)
သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။

၂)
တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကို ယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။

၃)
လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။

၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။

၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။

တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။ http://www.99sanay.com
original post: http://www.youthwant.com.tw

ပြည်တွင်းက ချက်(chat) မယ်ဆိုရင် .........။

ပြည်တွင်း စိတ်ဆင်းရဲနေရတဲ့ ဘော်ဒါတွေ အတွက် ကျွန်တော်အောက်မှာပေးထားတဲ့ လင့်လေးတွေကို အသုံပြုပြီး MSN , Skype , Yahoo! , Google Talk ,  Facebook စတဲ့ ချက်တင် ဆိုက်တွေကို ပေါ့ပါးစွား အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ သူငယ်ချင်းတွေ ဆီက ရတာလေးကို ပြန်မျှတဲ့ သဘောပါ။  စမ်းသပ် အသုံးပြုကြပါအုံးဗျ။ မသိသေးတဲ့ သူတွေအတွက်တော့ မိုက်တာပေါ့နော်။ ကျွန်တော်ကတော့ အသုံးမပြုဖူးပါဘူး။ ဒီဆိုက်တွေကို အသုံးပြုတဲ့အတွက် မိမိရဲ့မေးလ် လုံခြုံမှုရှိမယ် မရှိဘူးဆိုတာတော့ ............. :lol 

http://www.koolim.com   ,    https://imo.im   ,   http://www.meebo.com , http://www.livego.com/  , http://karoolark.com/

အစစအရာရာ အဆင်ပြေကြပါစေဗျာ။ ကွန်နရှင် ကွန်နရှင် နဲ့ အော်နေရတဲ့ ဒုက္ခမှလည်း ကင်းဝေးနိုင်ကြပါစေ.............  :lol

PDF to OFFICE

Wondershare PDF Converter 2.6.2 Portable
--------------------------------------------------


Portable PDF Converter လေးတစ်ခုပါ။ Full Version အတွက်ကတော့ ဖိုဒါလေးကို ဖြည်လိုက်ရင် အထဲမှာ read.txt လေးမှာ ထဲ့ပေးထားပါတယ်။ PDF ကနေပြီးတော့ Word, Excel, PowerPoint, EPUB, HTML နဲ့ Text စတာတွေကို ပြောင်းပေးနိုင်ပါတယ်။ မြန်မာဖောင့်တွေအတွက်တော့ အခက်အခဲ ရှိပါတယ်။ လင့်တွေလည်းအများကြီးပေးထားတော့အဆင်ပြေစွာ ဒေါင်းလော့လုပ်နိုင်မှာပါ။ သုံးရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ Full Version အတွက် စာတွေက read.txt ထဲက ပုံစံတစ်မျိုးဖြစ်နေပါလိမ့်မယ် အဲ့ဒီ့အတိုင်း ပဲထဲ့လိုက်ပါ။  အားလုံး အဆင်ပြေပါစေဗျာ။ .......................

- ဒေါင်းလော့လုပ်ရန် - 
http://mir.cr/15VG525G

ရာဇ၀င်များရဲ့ သတိုးသမီး......။

ပါရမီရှင် ထူးအိမ်သင်ရဲ့  လက်ရာကောင်း တေးသီချင်းလေး တစ်ပုဒ်ပါ။ ဧရာဝတီကိုချစ်တဲ့သူကြီး ထူးအိမ်သင်က သဘာဝကို အရှိအတိုင်းခံစားထားတဲ့ သီချင်းလေး။ နောက်ဆို ဧရာဝတီကြီး ရှိပါ့တော့မလား။ သူ့ကိုမှီခိုအားထားနေတဲ့ လူပေါင်းများစွာ ဘာတွေ ဖြစ်ကုန်မလဲ။ မေးခွန်းပေါင်းများစွာနဲ့ အဖြေရှာဖို့ ဥာဏ်မမှီခဲ့ပါဘူးလေ။



::::: တေးရေး ::::: တေးဆို :::::ထူးအိမ်သင်:::::

CleanThis Virus ကို ဖယ်ရှားရန်.....။

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။

Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။

FaceBook Virus ကိုဖယ်ရှားရန်.....။

ဒီနေ့  Face Book ကနေ အောက်က အတိုင်းသူ့ ဘာသာ စာတက်လာပါတယ်။ မင်းရီချင်သလား ? ဆိုပြီင်္းစာရိုက်လိုက်ရင် လင့်တစ်ခု တက်လာပါမယ်။ အဲ့လင့်ကနေ You Tube Video ကိုကြည့်ခိုင်းပါလိမ့် မယ်။ ဒါဆိုရင် Face Book ဗိုင်းရပ်က သင့်ဆီ ဝင်တာနဲ့  သင့်ဆီကနေ တခြားသူငယ်ချင်းတွေကို ပါ လိုက်ကူးစက်တော့ မှာဖြစ်ပါတယ်။ ဒီကောင့်ကို သတ်ဖို့ အတွက် အောက်ပါ အတိုင်းလုပ်ဆောင်ပါ။

ဒီဇိုင်းပညာရပ်များကို ပြန်လည်မျှဝေနိုင်မည့် မြန်မာဒီဇိုင်နာဝေါလ်အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင်.....။

ဒီဇိုင်း ပညာရပ် များကို ပြန်လည် မျှဝေ နိုင်မည့် မြန်မာ ဒီဇိုင်နာဝေါလ် အမည်ရှိ ဝက်ဘ်ဆိုက်သစ် လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို လွှင့်တင် ခဲ့သည့် Media Lane ဝက်ဘ်ဆိုက် ဒီဇိုင်းများ ရေးဆွဲလျက် ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ခဲ့သည်။ အဆိုပါ ဝက်ဆိုက် လွှင့်တင်ခြင်းနှင့် ပတ်သက်ပြီး အထက်ပါ တာဝန် ရှိသူက ပြည်တွင်းတွင် ဒီဇိုင်းနှင့် ပတ်သက်သော ဒီဇိုင်း အခြေခံ Website မှာ လက်ညှိုး ထိုးလို့ ရနိုင်အောင်ပင် ရှားပါး နေပါတယ်။ ဒါကြောင့် ပြည်တွင်းက ပညာရှင် တွေပဲ ဖြစ်ဖြစ်၊ ဒီဇိုင်းကို စိတ်ဝင်စား နေတဲ့သူပဲ ဖြစ်ဖြစ် ဝင်ရောက် အသုံးပြု စေချင် တာကြောင့် အခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြ ခဲ့သည်။ အထက်ပါ ဝက်ဘ်ဆိုက်တွင် Design Tutorials များကို အဓိက အသားပေး ဖော်ပြနေတာ ဖြစ်ပြီး Graphic Design နှင့် ပတ်သက်သော ဒီဇိုင်းများ သာမက Web Design စိတ်ပါဝင်စား သူများ အတွက်လည်း Web Design Tutorials များကို ဖော်ပြ ပေးထားကြောင်း သိရသည်။ ထို့အပြင် Myanmar Designer Wall အတွင်း Design နှင့် ပတ်သက်သော အသိပညာ များကို အပြန် အလှန် Share လုပ်ပေး သွားနိုင်ပြီး အသုံးပြု ဝင်ရောက် ကြည့်ရှု သူများ အနေနဲ့လည်း မိမိ၏ ဒီဇိုင်းများ၊ ဒီဇိုင်းအမြင် များကို လွတ်လပ်စွာ မျှဝေသွား နိုင်ကြောင်းလည်း အထက်ပါ တာဝန် ရှိသူမှ ရှင်းပြ ခဲ့ပါသည်။ တည်ထောင် ချိန်မှာ မကြာမြင့်သေး တဲ့အတွက် လိုအပ်သော အကြံဥာဏ် များကိုလည်း ပေးသွား နိုင်ကြောင်းနှင့် လက်ရှိ Designer လောကတွင် အသုံးဝင် နိုင်သော ဒီဇိုင်း Tutorials များကို အလေးထား ဖော်ပြပေး နေကြောင်း၊ Web Designer ဘက်ကိုလည်း အလျဉ်း သင့်သည့် အခါတိုင်း ဖော်ပြပေး ကြောင်းလည်း သိရှိ ရသည်။ ဝင်ရောက် လေ့လာ လိုပါက www.myanmardesignerwall.com တွင် ဝင်ရောက် လေ့လာ နိုင်ကြောင်း သတင်း ရရှိပါသည်။

Web Design နှင့် Graphic Design တို့၏ ကွာခြားချက်များ.....။

ဒီဇိုင်းနဲ့ပတ်သက်လာရင် ရောထွေးလွန်းတတ်တဲ့ Web Design နဲ့ Graphic Design အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အလွယ်ဆုံးနားလည်ထားကြတာကတော့ Graphic Design ဆိုတာ Printing ပိုင်းက ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ သတင်းစာ၊မဂဇင်း Layout ဒီဇိုင်းတွေ၊ လိပ်စာကဒ်၊ လိုဂိုတွေ၊ Package တွေကို ဒီဇိုင်းလုပ်ပေးတဲ့အပိုင်းလို့ အလွယ်တကူနားလည်ထားကြပါတယ်။ Web Design ဆိုတာကတော့ Web Site တွေကို တည်ဆောက်တဲ့နေရာမှာ Site တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတွေကိုဖြစ်စေ ဒီဇိုင်းလုပ်ပေးရတဲ့ အပိုင်းပေါ့။

တကယ်တော့ ဒီဇိုင်းပညာရပ်နှစ်ခုစလုံးဟာ ကျယ်ပြန့်နက်နဲလှသလို စိတ်ကူးစိတ်သန်း၊ တင်ပြမှု၊ အသွေးအရောင်၊ အသွင်အပြင် အဖက်ဖက်ကလည်း အရေးကြီးလှပါတယ်။ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးလုပ်ကိုင်ရတာခြင်းအတူတူ၊ ဒီဇိုင်းအခြေခံသဘောတရား တူသယောင်ယောင်ရှိပေမယ့် အနည်းငယ်ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။ တချို့သော ဒီဇိုင်းနာတွေက Graphic Design အပြင် Web Design ကို တွဲလုပ်ကြသလို တချို့ Web Designer တွေကလည်း Graphic Design ကိုပါ တွဲဖက်လုပ်ကိုင်လေ့ရှိကြပါတယ်။ များသောအားဖြင့်ကတော့ Web Design သီးသန့်၊ ဂရပ်ဖစ်ဒီဇိုင်း သီးသန့်ကိုပဲ လုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ နှစ်ခုတွဲလုပ်ကိုင်ကြတဲ့သူတွေကတော့ နှစ်မျိုးစလုံးရဲ့ ကွဲပြား ခြားနား ချက်ကို သိထားကြရပါတယ်။ သိထားမှလည်းဖြစ်ပါမယ်။
ကျနော့်အနေနဲ့ကတော့ ဒီဇိုင်းနာသမားတွေ သိထားသင့်တယ်လို့ ယူဆတဲ့အတွက် Web Design နဲ့ Graphic Design တို့၏ ကွာခြားချက်များကို  ကျနော့်အတွေ့အကြုံ၊ ကျနော့်အတွေးအမြင် ပုံစံလေးအနေနဲ့ တင်ပြလိုက်ရပါတယ်။

Windows 7 မှာ မသုံးစေချင်တဲ့ Software ဒီလိုပိတ်ထားမယ်.........။

ပထမဆုံးအနေနဲ့ Start >> run box မှာ gpedit.msc ဆိုရိုက်ထည့်ပြီး Enter ခေါက်ပါ.....။
 Enter ခေါက်ပြီးတာနဲ့ User Configuration >> Administrative Templates >> System >> Run Only Specified Windows Application ကိုရှာပါ....


Blue Screen Of Deah (BSOD) ဘာကြောင့်ဖြစ်........။

Blue Screen Of Death (BSOD) ဆိုတာ Windows general protection fault (GPF) error ကို အလွယ်ခေါ်ကြတာပါ။

Blue Screen Of Death (BSOD) ဘာကြောင့်တက် ?  ဖြစ်ရခြင်း အကြောင်းငါးချက်ရှိပါတယ် ။

1. Software errors
Software တွေ ဒါမှမဟုတ် device drivers တွေ error တက်တာကြောင့်ပဲ ဖြစ်ဖြစ် error ကြောင့်ဆက် run လို့မရတော့ရင်ပဲ ဖြစ်ဖြစ် တက်ပါတယ်။

2. Hardware errors
Hardware တွေ malfunctions ဖြစ်တဲ့ အခါမျိုး ဒါမှမဟုတ် Window operate လုပ်နေတဲ့ အတွင်းမှာ hardware တွေ ဖြုတ်မိတဲ့အခါ/ပြုတ်သွားတဲ့ အခါမျိုးတွေနဲ့ hardware က OS ကို fully support မလုပ်တဲ့ အခါမျိုးတွေ မှာလည်းဖြစ်တတ်ပါတယ်။

Safe mode ဆိုတာ ...........။

Windows 95 မှာကတည်းက စပြီးအသုံးပြုခဲ့တာဖြစ်ပါတယ်။ Windows ကိုပုံမှန် တက်တဲ့ အနေအထားကနေ မတက်ပဲနဲ့ safe mode ကို တက်ပြီးဘာကြောင့်အသုံးပြုရတာလဲ.. ဘယ်လို အခြေနေမျိုးမှာ အသုံးပြုရလဲဆိုတော့ ဥပမာ video VGA card တစ်ခုစိုက်လိုက်တယ်..စိုက်လိုက်တဲ့  card ကို driver တင် ပေးရပါတယ် အဲလို driver တင်ပေးလိုက်သော်လည်း normal mode မှာ အလုပ်မလုပ်ပဲနဲ့ Blue screen တက်လာတဲ့ အခါမျိုးကျရင်ပဲဖြစ်ဖြစ် ပုံမှန် အသုံးပြုနေကျဝင်းဒိုးဘက်မှာ software တစ်ခုကို ဘယ်လိုနည်းနဲ့ မှ uninstall လုပ်လို့ အဆင်မပြေရင်ပဲဖြစ်ဖြစ် safe mode ကနေ ၀င်ရောက်ပြီးပြုပြင်ပေးလို့ ရပါတယ်..ကွန်ပျူတာ troubleshooting အတွက် အသုံးဝင်သော mode တစ်ခုဖြစ်ပါတယ်….safe mode ထဲကိုဝင်ရောက်ဖို့ အတွက် F8 ကီးကို အသုံးပြု ရပါတယ်..၀င်ရောက်ဖို့ အတွက် computer ကို Restart ချပြီးတာနဲ့ ပြန်အတက်မှာ F8 ကီးကို နိုပ်ပေးခြင်းဖြင့် ၀င်ရောက်ရ ပါတယ်။  နောက် safe mode ကို F8 ကီးကိုမနှိပ်ပဲနဲ့   msconfig မှာပြင်ပြီးတော့လည်းဝင်လို့ ရပါတယ်....။ ပြင်နည်းကတော့  .............

Window 7 ကို Software မသုံးပဲ Partition ခွဲမယ်......။

ပထမဆုံး အနေနဲ့
- Desktop >> My Computer >> right click >> Manage ကိုရွေးပေးလိုက်ပါ...။ Computer Management box ပေါ်လာပါမယ်။
- Storage >> Disk Management ကို ရွေးပေးလိုက်ပါ...။
မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ...။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ)
- C:/ >> right click >> shrink volume ကိုရွေးပေးလိုက်ပါ...။
- Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ ပမာဏကို ထည့်ပေးရမှာပါ...။

 (1024 MB = 1 GB)။
- ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ။
- Partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာဖြစ်ပါတယ်...။ တွေ့တဲ့ partition အသစ်ကို right click ထောက်ပြီး New Simple Volume ကိုရွေးပေးပါ...။ Next .... Next ဆိုပြီးတော့ ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ Partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ...။
အားလုံးအဆင်ပြေ ချောမွေ့ပါစေဗျာ........။

သတင်းစုံ ဖတ်ရန်.....။

သူငယ်ချင်းတို့ရေ ......  ပြည်တွင်းသတင်းဂျာနယ်တွေ၊ အားကစားသတင်းတွေ၊ အနုပညာ သတင်းတွေကို

အစုံဖတ်ရန်   http://www.khtnetpc.webs.com/  ကို သွားရောက်လည်ပတ်နိုင်ပါတယ်.....။

သင့်ရဲ့ PC မှာ software installation ကို ပိတ်ထားခြင်း..........။

မိမိရဲ့ ကွန်ပြူတာမှာ တစ်ခြားသူ တစ်ယောက်က software တွေကို Installation လုပ်ရင် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်.....။ အဲ့ဒီလို စိတ်အနှောက်အယှက်မဖြစ်ရအောင် နည်းလမ်းလေးတစ်ခု ရှိပါတယ်.....။ ကိုစံပီး ဆီက တွေ့ထားတာပါ....။။ နည်းလမ်းကတော့
RUN box မှာ  gpedit.msc ကိုရိုက်ပါ.....။
ပြီးတော့ "Computer Configuration\Administrative Templates\Windows Components\Windows Installer" ကိုရှာပါ.....။
"Prohibit User Installs" ဆိုတာကို double click ပါ.....။
"Enabled" ကိုရွေးပေးပါ......။
အောက်က drop-down box လေးမှာ "Prohibit user install" ကိုရွေးပေးပြီး.....။  ok နှိပ်ပါ။
သူတို့ကို Guest user နဲ့ ၀င်ခိုင်းလိုက်ရင် install မရတော့ပါဘူး.....။

တကယ်လို့ ပြန်ပြီး ဖျက်ချင်တယ်ဆိုရင်.....

G-talk မှာ အကောင့်တစ်ခုကို စကားမပြောချင်ရင်.....။

သူငယ်ချင်းတို့ရေ ဒီတစ်ခါတော့ G-talk မှာ စကားမပြောချင်တဲ့ သူကို ဒီလိုလုပ်ကြမယ်ဗျာ...။ block တို့ remove တို့ လုပ်မှာ မဟုတ်ပါဘူး ။ သူ့ကို ဒီလိုလုပ်ထားမှန်း သူလဲ မသိနိုင်ပါဘူး...။ ဘာလို့လဲဆိုတော့ တစ်ခြားဘက်မှာ ကိုယ်က offline အနေနဲ့ ရှိနေလို့ပါပဲ...။ အဲဒါကြောင့် တစ်ခြားတစ်ဘက်က သူလဲ မသိနိုင်ပါဘူးဗျာ.....စိတ်ဝင်စားသွားတယ်ဆိုရင်တော့

ပထမဦးဆုံးအနေနဲ့ သင့်ရဲ့ G-mail အကောင့်ကို ဖွင့်လိုက်ပါ...။ ပြီးရင် Mail box ရဲ့ ဘယ်ဘက် မှာ Contants ဆိုတာကို နှိပ်လိုက်ပါ...။ အဲဒီ့မှာ သင်စကားမပြောချင်တဲ့ လူကို အမှတ်ခြစ်လိုက်ပါ... ပြီးရင်
More actions ကိုသွားပါ...။ အဲ့ဒီ့မှာ Delete Contacts ကို ရွေးပါ။

အထက်ပါအတိုင်းလုပ်ဆောင်ပြီးရင် သင်ရွေးချယ်ခဲ့တဲ့ မေးလ် နာမည်တွေက သင့်ထဲမှာ မရှိတော့ပါဘူး...။
ဒါပေမယ့် သူ့ထဲမှာတော့ သင်ဟာ offline အနေနဲ့ ရှိနေမှာပါ...။ ကဲသူငယ်ချင်းတို့ ရေ အဆင်ပြေကြပါစေဗျာ....

Internet Explorer 9 ကို update လုပ်လိုက်လို့..........။

မင်္ဂလာပါ သူငယ်ချင်းများရေ ပိုစ့်မတင်တာလည်း တော်တော် ကြာသွားပြီဗျာ...။ ဒီတစ်ခါတော့ သူငယ်ချင်း တစ်ယောက်က လှမ်းမေးလို့ ပြောပြလိုက်ရင်းနဲ့ ပိုစ့်တင်ဖြစ်သွားတာပါ။ ဖြစ်ပုံက ဒီလိုဗျ......သူက အရင် IE ကို update လုပ်လိုက်တယ်တဲ့။ ပြီးတော့ gtalk မှာ လေးထောင့် တုံးလေးတွေပဲပေါ်နေတယ်တဲ့ လုပ်ပါအုံးဆိုလို့ပါ...။  အဲဒါကြောင့် သူငယ်ချင်းတို့လည်း အဲ့လိုမျိုး ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင် ဒီလိုလုပ်လိုက်ပါ ....

ကွန်ပြုတာကို timmer ပေးပြီး shutdown လုပ်ခြင်း။

သူငယ်ချင်းတို့ရေ တစ်ရက်ပေါ့ ကျွန်တော့် သူဌေးမက သူ သီချင်းတွေ download လုပ်ထားခဲ့တယ်။ နင်တို့ ပြန်ရင် စက်ကို မပိတ်ခဲ့နဲ့တဲ့။ သူဘယ်အချိန်လာပိတ်လဲတော့ မသိဘူး။ ဒါပေမယ့် ဖြစ်နိုင်တာတော့ တစ်ညလုံး ကွန်ပြုတာကို ဖွင့်ထားပုံရပါတယ်။ အဲ့ဒီ့လို မဖြစ်ရအောင်  timmer ပေးပြီး shutdown လုပ်မှာပေါ့။ downloadလုပ်ရင် ပုံမှန်အားဖြင့် ဘယ်လောက်လောက်ကြာမယ်ဆိုတော့ အချိန်ပေးထားတာပဲလေ။ အဲ့ဒီ့တော့ အဲ့ဒီ့အချိန်ထက်နည်းနည်းပိုပေးပြီး shutdown လုပ်လိုက်ရင် စက်ကိုတစ်ညလုံးဖွင့်စရာမလိုတော့ ဘူးပေါ့။   သူငယ်ချင်းတို့လည်း download လုပ်နေတုန်း သွားစရာရှိလို့ပဲ ဖြစ်ဖြစ်။ အကြောင်းတစ်ခုခုကြောင့် အပြင်သွားရတော့မယ်ဆို timmer ပေးထားခဲ့ လိုက်ပေါ့ဗျာ.....အဲ့ဒီ့နည်းလေးက ဒီလိုပါဗျာ.....။

Youtube to mp3 (online convert)

ဒီတစ်ခါတော့ သီချင်းချစ်သူ သူငယ်ချင်းများအတွက်  Youtube သီချင်းတွေကို online ကနေပြီတော့ mp3 ပြောင်းတဲ့ လင့်လေးပါ။ မိမိကြိုက်တဲ့ Youtubeသီချင်းရဲ့လင့်ခ်ကို Copyလုပ်ပြီး  http://www.vidtomp3.com ရဲ့ Enter Video Url Below to convert into MP3 : ဆိုတဲ့ စာရဲ့ အောက်ကအကွက်ထဲမှာ Past လုပ်ပြီး Download ဆိုတာလေးကိုနှိပ်လိုက်ပါ...။ မရှင်းမှာဆိုးလို့
 အောက်မှာ ပုံနဲ့တင်ပေးလိုက်တယ်။ ပေးထားတဲ့ ပုံ အဆင့်အတိုင်းပဲသွားလိုက်ပါ။  

www.facebook.com/username အကြောင်း...။

သူငယ်ချင်းတို့ ရေ
အခုလို ဖွံဖြိုးတိုးတတ်နေတဲ့ ခေတ်အချိန်အခါမှာ လူတစ်ယောက်က e-mail တစ်ခုတော့ရှိထားသင့်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ gmail တွေ စပြီး အသုံးပြုတဲ့ သူချိန်ကဆို မသိသာပေမယ့် အခု အချိန်မှာ ကို့နာမည်
နဲ့ တောင် gmail က ဖွင့်ဖို့ မလွယ်ကူတော့ဘူးလေ...ဘာလို့လဲဆိုတော့သုံးတဲ့သူတွေကများလာပြီလေဗျာ..
နာမည်တူ နေလို့ နာမည်နောက်က နံပါတ်တွေပါတာနဲ့ သူတို့ပေးတာ ရွေးရတာနဲ့ ဆိုတော့ ကို့နာမည်နဲ့ အတိအကျ မရနိုင်တော့ဘူးလေ...။ ကို့ထက် အရင်ဦးနေတဲ့သူတွေ ရှိနေတာကိုဗျ...။ အဲ့ဒါကြောင့် အခုလည်း   ရေပန်းစားနေတဲ့ facebook (social network) မှာ သင့်နာမည်လေး တစ်ခု သူများတွေထက် အရင် ဦးအောင် ယူထားလိုက်အုံးဗျ...။
ဥပမာ ။   ။ http://www.facebook.com/mr.nainglynnhtun
              www.facebook.com/ သင့်နာမည်
အောက်မှာပေးထားတဲ Link ကို နှိပ်ပြီး သွားကြည့်လိုက်ပါ...ကျွန်တော်တောင် နာမည်တွေတူနေလို့ အဆင်ပြောတာတစ်ခုပဲလုပ်လိုက်ရတယ်...ကဲ သူငယ်ချင်းတို့ ရေ ဒီတစ်ခါတော့ သူများတွေထက် ဦးအောင် အရင် လုပ်ထားလိုက်အုံးနော် ... အသုံးပြုပုံက လွယ်လွန်းလို့ မရှင်းပြတော့ပါဘူးဗျာ...link ကို သွားကြည့်လိုက်ပါ။
go to link : http://www.facebook.com/username/
အားလုံးပဲ အဆင်ပြေပါစေဗျာ....