Blogger templates

..........တစ်ခါ တစ်ခေါက် ထပ်ပြီး လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါရစေ.............

အခြေခံ Internet အသုံးပြုပုံ .....

Internet အကြောင်းကို မပြောခင်မှာ အရင်ဆုံး Internet Services တွေကိုအရင်ပြောပြပါ့မယ်.....။

(1) www(world wide web)
(2) E-Mail (Electronic mail)
(3) IRC (Internet Relay Chat)
(4) FTP (File Transfer Protocol)
(5) Telnet (Telecommunication Network )
အရင်ဆုံးပြောမှာကတော့ World Wide Web service ပါ... အင်တာနက်ဝဘ်ဆိုက်တွေကို ကြည့်ရင် Internet Explorer (Web Browser) အင်တာနက်ကြည့်တဲ့ဆော့ဖ်ဝဲကို အရင်ဆုံးဖွင့်ရပါတယ်...။ IE Icon လေးကို Desktop double-click ပြီးခေါ်လို့ရပါတယ်။ ဒါမှမဟုတ်ရင် Start>Programs>Internet Explorer ကနေသွားလည်းရပါတယ်...။ Short cut အနေနဲ့ Window+R => Run မှာ iexplore လို့ရိုက်၊ပြီး Enter နှိပ်ပါ...။ IE ကိုဖွင့်ပြီးသွားရင်တော့ Address လို့ရေးထားတဲ့ Address Bar ပေါ်မှာ ကိုယ်ကြည့် ချင်တဲ့web site လိပ်စာကိုရိုက်ထည့်ပြီးရင Enter နှိပ်လိုက်ပါ...။ ကိုယ်တောင်းတဲ့ဝဘ်ဆိုက်ကို Browser ကသွားပြီးခေါ်ပေးပါလိမ့် မယ်...။ ဥပမာ - www.people.com.mm ဆိုတဲ့ people ရဲ့ ၀ဘ်ဆိုက်လိပ်စာလေးကို address bar မှာရိုက်ထည့်ပြီး Enter နှိပ်လိုက်ရင် people ရဲ့ မူလဦးဆုံး web page ကြီးပေါ်လာပါလိမ့်မယ်...။ ၀ဘ်ဆိုက်တစ်ခုရဲ့ ပထမဦးဆုံး page ကို Home Page လို့ခေါ်ပါတယ်...။ အဲဒီကနေကိုယ်ကြည့်ချင်တဲ့ link တွေကို ဆက်ဆက်ပြီး ၀င်ကြည့်နိုင်ပါတယ်...။ အင်တာနက်ပေါ်မှာ ၀ဘ်ဆိုက်တွေကိုကြည့်တဲ့အခါ လက်ဝါးပုံစံလေးပေါ်တဲ့နေရာတိုင်းဟာ Hyper Link ဆိုတဲ့ link တွေရှိနေလို့ click ပြီး ၀င်ကြည့်  နိုင် ပါတယ်...။ အဲဒီမှာပြောစရာရှိတာက ၀ဘ်ဆိုက်လိပ်စာတစ်ခုမှာ အတိအကျပြောရရင်အပိုင်း(၄) ပိုင်းရှိပါတယ်...။ ၀ဘ်ဆိုက်လိပ်စာကို
Uniform Resource Locator (URL) လို့လည်းခေါ်ပါတယ်...။
ဥပမာ- www.planet.com.mm မှာ
(1) www=World Wide Web

(2) planet=Owner Name(web site ကိုတည်ထောင်သူကပေးထားတဲ့နာမည်ပါ)

(3) com=Domain Name
ဒီအပိုင်း(၃) မှာ ခွဲခြားစရာတွေရှိပါသေးတယ်...။
com=commercial , gov=government, org=organization, mil=military, co=cooperation, edu=education, net=Network..စသဖြင့်ပေါ့လေ...
ဆိုလိုတာက com ဆိုတာစီးပွားရေးဝဘ်ဆိုက်တွေကိုပြောတာပါ(e.g www.planet.com.mm)
gov ဆိုရင်တော့အစိုးရအဖွဲ့အစည်းဝဘ်ဆိုက်ဖြစ်ပါတယ်(e.g www.mofa.gov.mm)
org ဆိုတာကတော့ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ပြီး အကျိုးအမြတ်အတွက် မရည်ရွယ်တဲ့ဆိုက်ဖြစ်ပါတယ်(e.g www.myanmarfamily.org)လိုမျိုးဆိုက်ပါ...။
net ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကွန်ယက်နက်ဝက်ခ် ချိတ်ဆက်မှုကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းရဲ့ဝဘ်ဆိုက်မျိုးဖြစ်ပါတယ (e.g http://www.bagan.net.mm)အရ #414...ပါ။

4). country code =နိုင်ငံတစ်နိုင်ငံရဲ့code ဖြစ်ပါတယ်.(မြန်မာဆိုရင် mm ပေါ့၊ jp,cn,au,ru,ca,us,th,etc., ဆိုပြီး နိုင်ငံတွေရဲ့ code တွေကိုခွဲခြားထားပါတယ်။)

ဒီလောက်သိရင်တော့ ကိုယ်ကြည့်တဲ့ဝဘ်ဆိုက်အမျိုးအစားကို ခွဲခြားတတ်လောက်ပါပြီ...။
ဒီအပိုင်းကတော့ ၀ဘ်ဆိုက်တွေကြည့်တဲ့အပိုင်း (Web Surfing) လို့ခေါ်ပါတယ်...။
နောက်ဆက်ပြောပြမယ့်အပိုင်းကတော့ တကယ်လို့ ကြည့်ချင်တဲ့အကြောင်းအရာတစ်ခုရဲ့ ၀ဘ်ဆိုက်လိပ်စာကို မသိခဲ့ဘူးဆိုရင်ကြားကနေတဆင့် သွားရှာခိုင်းမယ့် (Search Engine) အကြောင်းပေါ့နော်....။
www.google.com
www.yahoo.com
www.altavista.com
www.lycos.com
နဲ့နောက်လည်းရှိပါသေးတယ်...။ သိသလောက်ကျန်တာတွေကတော့ မေ့နေလို့နော်...။ အခုအဲဒီထဲကအသုံးများတာတဲ့ google နဲ့ရှာကြည့်တာကိုပြောပြပါ့မယ်...။
ဥပမာ- ထိုင်းမှာရှိတဲ့တက္ကသိုလ်တွေရဲ့ဝဘ်ဆိုက်တွေကိုကြည့်ချင်ရင်...
www.google.com ထဲကိုဝင်. google Home Page တက်လာရင် အောက်ဘက်က box (Search Box လို့ခေါ်ပါတယ်) မှာ universities in Bangkok လို့ရိုက်ပြီး Search ကို click လိုက်ပါ..။ ဒါ.ရင်တော့ ဘန်ကောက်မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ၀ဘ်ဆိုက်တွေရဲ့link တွေကိုဖော်ပြပေးပါလိမ့်မယ်...။ အဲဒီထဲကမှ ကိုယ်ကြည့်ချင်တဲ့ တက္ကသိုလ်ရဲ့ link ကို click ပြီးကြည့်နိုင်ပါပြီ...။ ကိုယ်ရှာချင်တာက အတိအကျသိရင်တော့ စကတည်းက Search box မှာ အတိအကျရှာလို့ရပါတယ်...။ဒါက ၀ဘ်ဆိုက်တွေကို ရှာခိုင်းတာပါ...။ တကယ်လို့ပုံတွေ(Images) ကိုရှာချင်တာဆိုရင်တော့ www.google.com ထဲကိုဝင်ပြီးရင်အပေါ်က Image ဆိုတာကို အရင်ဆုံးclick ရပါတယ်...။ ပြီးမှ Search box မှာ ကိုယ်ကြည့်ချင်တဲ့ ပုံရဲ့နာမည်ကိုမှန်အောင်ရိုက်ပြီး Search Image ကို click ပြီးရှာရပါတယ်...။
ဥပမာ - Britney Spear ရဲ့ပုံတွေကြည့်ချင်ရင် Search box မှာ Britney Spear လို့ရိုက်ထည့်ပါ...။ ဒါမှမဟုတ် ဘုရားရုပ်ပုံတွေကို ရှာချင်ရင်တော့ Buddha image in Myanmarလို့ရိုက်ထည့်ပြီးရှာလို့ရပါတယ်။ ဒါဆိုရင်ဘုရားပုံတွေကိုထုတ်ပြပေးပါလိမ့်မယ်...။ အဲလိုထုတ်ပြပေးတဲ့အခါမှာ Page ရဲ့ အောက်ဆုံးမှာ Results Page 1 to 10 ထိပြပေးပါတယ်...။ ဆက်ကြည့်ချင်ရင် Next နဲ့ဆက်ပြီး page တစ်ခုပြီးတစ်ခု ဆက်သွားနိုင်ပါတယ်...။ ဒါက ကိုယ်သိချင်တာကို ရိုက်ထည့်ပြီးရှာတဲ့ နည်း Robot Search လို့ခေါ်ပါတယ်...။ နောက်တစ်နည်းကတော့ Directory Search နဲ့လည်းရှာလို့ရပါတယ်...။အဲလိုရှာချင်ရင်တော့ google နဲ့ပဲပြောပြပါ့မယ်...။ www.google.com ထဲကိုဝင်၊ပြီးရင် အပေါ်က more>>evenmore>> Blog Search, Directory, Images, News ဆိုပြီးကိုယ်ရှာချင်တဲ့ဟာတွေထဲကိုဆက်ဝင်ပြီး ရှာလို့ရပါတယ်...။ ဒါကSearch Engine ကို google နဲ့ပြောပါတာပါ...။ ကျန်တဲ့ www.yahoo.com နဲ့လည်းဝင်ရှာကြည့်ပါ...။ ရှာတဲ့အခါမှာ တိကျဖို့တော့လိုပါလိမ့်မယ်...။ ဥပမာ -(George W Bush ရဲ့ဝဘ်ဆိုက်ကိုကြည့်ချင်တယ်ဆိုပါတော့) Search box မှာ George W Bush ပဲရိုက်ထည့်ရင်တော့ ထုတ်တော့ထုတ်ပြပေး ပါလိမ့်မယ်...။ ဒါပေမယ့် George W Bush ဆိုတဲ့နာမည်ပါတဲ့ ဆိုက်တိုင်းကိုထုတ်ပြပေးတဲ့အတွက်မသေချာပါဘူး...။ ကိုယ်ရှာချင်တဲ့ ဟာက အမေရိကန်သမတ္တဆိုရင်တော့ George W Bush (American President) ဆိုပြီးရိုက်ရင်ပိုပြီးတိကျတဲ့ results တွေကိုတွေ့ရ ပါလိမ့်မယ်...။ နောက် David Beckham (Football Player) ပေါ့နော်...။ တကယ်လို့ software တွေကို download ချချင်ရင်တော့ ဥပမာ - Photoshop CS ကို ဒေါင်းချင်ရင် Search Box မှာ Photoshop CS Free download လို့ရိုက်ထည့်ပြီး အဲဒီလင့်ခ်ရောက်အောင် သွားနိုင်ပါတယ်...။ ကိုယ်ဒေါင်းလုဒ်လုပ်ချင်တဲ့လခ့်ကိုclick လိုက်ရင် download box လေးကျလာတဲ့အခါမှာ Save buttonကို click ပြီးသိမ်းမယ့်လမ်းကြောင်းလေးကိုရွေးပေးပြီး file name ပေးလိုက်ကာ OK ဆိုရင်ရပါပြီ...။ Favourite ထဲမှာသိမ်းခြင်း အဲဒါကတော့ကိုယ်အကြည့်များတဲ့ကြိုက်တဲ့ဝဘ်ဆိုက်တွေကို Favourite folder ထဲမှာ သိမ်းထားခြင်း အားဖြင့်ကိုယ်ကြည့်ချင်တဲ့အခါ ၀ဘ်ဆိုက်လိပ်စာတွေကိုပြန်ရိုက်ထည့်စရာမလိုတော့ပဲ Favourite ထဲကနေပြန်ပြီး click လိုက်တာနဲ့အဲဒီဆိုက်ကိုထုတ်ပြပေးပါတယ်...။

ဥပမာ-www.google.com/accounts နေရာကိုဝင်လို့gmail ကိုဝင်လို့ရတဲ့အဲဒီလင်ခ့်ရောက်သွားတဲ့အခါမှာအဲဒီ link ကိုfavourite folder ထဲမှာသိမ်းထားချင်ရင်…..Favourites>Add to Favourites ကို click ပြီးရင် Name နေရာမှာ Gmail Email from Google ဆိုတဲ့နာမည်လေးတွေ့ရပါမယ်။ အဲဒီနာမည်အတိုင်း သိမ်းထားချင်ရင်တော့ OK ကို click . Favourite ထဲက link ကိုပြန်ခေါ်ချင် ရင်တော့ Standard Buttons တွေထဲက Favourite ဆိုတဲ့အ၀ါရောင်ကြယ်ပုံစံလေးကို click လိုက်ရင် ဘယ်ဘက်မှာ Favourite ထဲမှာကိုယ်သိမ်းထားတဲ့ link တွေထဲက ကြိုက်တဲ့ link ပေါ်မှာ click လိုက်ရင်ရပါပြီ...။အဲဒီPage ကိုထုတ်ပြပေးပါလိမ့်မယ်...။
Home Page တင်ထားခြင်း (Internet Explorer or Browser ထဲကိုဝင်လိုက်တာနဲ့ကိုယ်တွေ့ချင်တဲ့ web site ကို home page အဖြစ်ထည့်ထားနိုင်ပါတယ်) ဥပမာ - www.wikipedia.org ကို home page တင်ချင်ရင်… IE ထဲမှာ Tools>Internet Options> Address: မှာ www.wikipedia.org >OK (or) www.myanmarfamily.org ကို home page တင်ချင်ရင်တော့ ခုနကနေရာမှာ www.myanmarfamily.org >Ok လိုက်ပါ...။ေ နာက်တစ်ကြိမ် IE ကိုပြန်ဖွင့်တာနဲ့ကိုယ်တင်ထားတဲ့ site က Home Page အနေနဲ့တန်းပြီးတက်လာပါလိမ့်မယ်...။ History Files များကှိုရှင်းခြင်း(IE ထဲမှာ users တွေကြည့်ခဲ့တဲ့web sites တွေကို default အနေနဲ့ရက်(၂၀) စာသိမ်းပေးထားပါတယ်...။အဲတော့ကြည့်တာနဲ့အမျှသိမ်းထားရတဲ့ ဟာတွေပိုများလာတော့ ၀ဘ်ဆိုက်တွေ ကိုကြည့် တဲ့အခါမှာတက်တာပိုပြီးလေး/နှေးသွားစေပါတယ်။ ဒါကြောင့် History Files တွေကိုသွားသွားပြီးဖျက်ပြစ်နိုင်ပါတယ်။ ဒါကတော့…. Tools>Internet Options>History ဆိုတဲ့ခေါင်းစဉ်အောက်မှာ Clear History Button ကို click >box တစ်ခုကျလာရင် yes ကို click .ဒါဆိုရင်တော့သိမ်းထားတဲ့History Files တွေကိုဖျက်ပြစ်ပေးပါတယ်...။တကယ်လို့ History Files တွေကို (၅) ရက်စာပဲသိမ်းပေးထားစေချင်ရင်တော့ History ခေါင်းစဉ်အောက်က days to keep Pages in history မှာ "5" လို့ပဲလျော့ထားလိုက်ပါ...။ပြီးရင် တော့ OK . Web Addresses, Username & Password တွေကိုမှတ်မထားစေချင်ရင်….
IE ထဲမှာကိုယ်ကြည့်ခဲ့တဲ့ web site address တွေ၊ အီးမေလ်းရဲ့ username & password ကိုမှတ်မထားစေချင်ရင်တော့ (သူများတွေကိုမသိစေချင်ရင်) Tools>Internet Options>Content Tab>Auto complete Button >Web Addresses , forms, usernames & passwords (၃) ခုရဲ့ရှေ့မှာ uncheck(အမှန်ခြစ်ဖျောက်ပေး)လုပ်ပေးလိုက်ပါ...။ ရှိပြီးသားတွေကိုရှင်းပြစ်ချင်ရင်တော့ အောက်ဘက်မှာ Clear Forms , Clear Passwords Button ကို click လိုက်ရင်အဲဒါတွေကိုရှင်းပေးပါလိမ့်မယ်။ အကြောင်းကတော့ကိုယ့် အီးမေလ်း ရဲ့ username & password ကိုမှတ်မထားတော့ဘူးပေါ့။ Internet Services တွေထဲ ဒုတိယမြောက်တစ်ခုကတော့E-Mail ပေါ့နော်
E-mail မှာ Web Mail(Free E-Mail) ကိုသုံးကြတာများပါတယ်။ ဆိုတာကတော့အင်တာနက်ဝဘ်ဆိုက်တွေပေါ်ကနေပဲမေးလ်းကို လက်ခံ/ပို့ပြီးအသုံးပြုတာကိုပြောတာပါ...။ဥပမာ-gmail,yahoo mail တို့လိုမျိုးပေါ့။ သက်ဆိုင်ရာဝဘ်ဆိုက်လင့်ခ်တွေအတိုင်းဝင်၊ account ဆောက်ပြီးသုံးတာပေါ့။ အလကားရတဲ့ဟာမို့free e-mail လို့လည်းခေါ်ပါတယ်...။ Internet Services တွေထဲတတိယ
မြောက်တစ်ခုကတော့ IRC လို့ခေါ်တဲ့တစ်ယောက်နဲကတစ်ယောက် အွန်လိုင်းပေါ်မှာအပြန်အလှန်စကားပြောလို့ရတဲ့(chatting) ပါဘဲ။ဥပမာ-gmail,yahoo စသည်တို့နဲ့လည်းပြောလို့ရသလို chatting sites တွေလည်းသီးခြားရှိပါတယ်...။
www.person.com
www.italky.com
www.myanmarchatonline.org
www.shwesagar.com
စသဖြင့်ပေါ့နော်အဲဒါတွေကတော့chatting ပြောတဲ့ဆိုက်တွေပေါ့...။Internet Relay Chat & E-Mail ကတော့မတူဘူးပေါ့...။ E-Mail Service ကတော့ သူများကိုစာပို့ထားရင်အဲဒီလူကကိုစာပို့နေချိန်တွင်းမှာမရှိလည်းရပါတယ်...။ နှစ်ဘက်လုံးအွန်လိုင်းမှာ ရှိနေစရာမလိုပါဘူး...။ သူအားတဲ့အချိန်သူ့account ကိုဖွင့်မှာအဲဒီစာကို ဖတ်ကြည့်နိုင်ပါတယ်...။ Internet Relay Chat (chatting) ကျတော့ တချိန်တည်းမှာ နှစ်ဘက်လုံးကတပြိုင်နက်တည်းရှိမှ အပြန်အလှန်ပြောလို့ရမှာဆိုတော့ ဖုန်းလိုမျိုးပဲပေါ့နော်။
Internet Services တွေထဲ စတုတ္ထမြောက်တစ်ခုကတော့ ဖိုင်တွေကို တစ်နေရာကတစ်နေရာအပြန်အလှန်ပို့ပြီး မျှဝေသုံးစွဲ လို့ရနိုင်အောင်လုပ်ပေးတဲ့ service ဆိုပြီးတော့နားလည်ထားပါတယ်...။ဥပမာ-ဆော့ဖ်ဝဲတွေ၊ဟာ့ဒ်ဝဲနဲ့ ပတ်သက်တာတွေ၊ နည်းပညာတွေကို ဒေါင်းလုဒ်လုပ်လို့ရနိုင်တဲ့ဟာမျိုးပေါ့...။ ဆော့ဖ်ဝဲတွေကို ဒေါင်းလုဒ်လုပ်ချင်ရင်တော့ သိသလောက်ဆိုက်လေးတွေကို ဥပမာအနေနဲ့ဖော်ပြပေးလိုက်ပါတယ်...။
www.filehippo.com
www.ifile.it
www.oebook.com (အီးဘုတ်တွေကိုဒေါင်းလုဒ်လုပ်)
ဖိုင်တွေကို upload (ပို့ချင်တဲ့ဖိုင်တွေကိုသူများဆီကိုတင်ပြီးပို့ခြင်း)
Downloading (အင်တာနက်ပေါ်ကနေ ဖိုင်၊ပုံ။ဆော့ဖ်ဝဲတစ်ခုခု ကိုယ့်ဆီမှာဆွဲယူသုံးခြင်း)
Uploading (အင်တာနက်ပေါ်ကို ကိုယ့်data တွေကိုတင်ခြင်း၊ သူများဆီကို ကိုယ်ပို့ပေးချင်တဲ့ဖိုင်တွေကိုပေးပို့ခြင်း) လို့ခွဲခြားမှတ်ထားနိုင်ပါတယ်။

Internet Services တွေထဲ နောက်ဆုံးတစ်ခုဖြစ်တဲ့ (Telnet)ကတော့ အသုံးတော်တော်နည်းပါတယ်။ နိုင်ငံတစ်နိုင်ငံကနေ အခြားနိုင်ငံမှာရှိတဲ့ကွန်ပျူတာကို အဝေးကနေပြီး ဆက်သွယ်ထိန်းချုပ်ကာ လှမ်းဝင်ပြီးအသုံးပြုနိုင်တဲ့(Remote access) လို့နားလည်ထားပါတယ်။

အားလုံး အဆင်ပြေကြပါစေ။

soruce : ဖင်ယော်စိုး

1 comment: